"ဓာတ်ပုံရပြီလာပြီလား။"
"အင်း ဒီမှာ ဒါ မင်းလိုက်ပေးရမယ့်သူပဲ။"
ဓာတ်ပုံထဲက အမျိုးသမီးဟာ ရင်းနှီးနေသယောင်ရှိသည်။သို့သော် တစ်ခါမှမမြင်ဖူးသော စိမ်းလဲ့လဲ့မျက်ဝန်းတစ်စုံသာဖြစ်သည်။ထိုအစိမ်းရောင်မျက်လုံးများကို နှလုံးသားက ရင်းနှီးနေမိသည်။
"သူ့ကို ချက်ချင်းဖမ်းစရာမလိုသေးဘူး။လိုက်ကြည့်ထားရုံပဲ။သူဘာတွေလုပ်လဲ၊ဘယ်သွားလဲဆိုတာတွေ ရှာခဲ့"
အရှေ့က လမ်းကြာင်းအတိအကျမရှိတဲ့ စကားတွေပြောနေတဲ့ အမျိုးသား၏ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်လိုက်တော့ အမြန် မျက်လုံးချင်းမဆိုင်မိခင် ရှောင်သွားသည်။
"အတိအကျ သူ့ဆီကနေ ဘာကိုရှာရမှာလဲ။"
"အဲ့ဒါကို ငါလည်းမသိဘူး။"
"ဘာမှန်းတောင်မသိတဲ့ဟာကို ကျွန်မက ဘာရှာပေးရမလဲ။"
"ဒီအတိုင်းပဲ လိုက်ကြည့်ရင်း ထူးဆန်းတာတစ်ခုခုတော့တွေ့လာမှာပေါ့။"
"အဟင်း လုပ်ရင်းလုပ်ရင်းကနေ လူဆိုးတွေ ဖမ်းခိုင်း၊ အကြွေးတောင်းခိုင်း၊ ရဲတွေဖမ်းရမယ့်သူတွေကို ဖမ်းခိုင်းကနေ အခုတော့ ဘာမှန်းမသိတာတွေကိုပါ လိုက်ခိုင်းတဲ့အထိဖြစ်သွားပြီပေါ့။"
"Nyx အဲ့လိုမျိုးမဟုတ်ပါဘူး။ငါက... ငါက "
အမြဲ ဒီအတိုင်းပင်ဖြစ်သည်။ပိုက်ဆံပေးကာ အလုပ်ပေါင်းစုံခိုင်းသော်လည်း အကြောင်းကို မေးလိုက်ရင် ပြာယာခတ်ကာ ချွေးတွေပြန်ပြီး အဖြေထွက်မလာပေ။သို့သော် အဲ့ဒီအဖြေကို လူတစ်ယောက်အနေနဲ့ တစ်ခါတလေသိချင်သော်လည်း သိပ်တော့စိတ်မဝင်စားပေ။မသိလည်း ပိုက်ဆံရရင် တော်ပြီဟုသာ Nyx တွေးထားသည်။
"တော်ပြီ တော်ပြီ ငါတွေ နင်တွေ စိတ်မဝင်စားဘူး။သူ့ကို လိုက်စောင့်ကြည့်ပြီး ထူးဆန်းတာတွေ့ရင် ပြောရုံပဲမလား။မဟုတ်လည်း ရှင့်နာမည်တောင် ကျွန်မသိတာမှမဟုတ်တာ။အကြောင်းအရင်းသိတော့ရော ဘာထူးခြားမှာတဲ့လဲ။ဘယ်လောက်ပေးမှာလဲသာ ပြောပါ။"
"ဒေါက် ဒေါက်"
"တောင်းသလောက်ပဲ။"
ခေါက်ဓားလေးကို ဆော့နေသော လက်ဟာ လေထဲတွက် ရပ်တန့်သွားသည်။အံ့အားသင့်ကာ ထိုသူ၏ မျက်နှာကို လှည့်ကြည့်မိတော့ မျက်နှာကို ရှောင်သွားပြန်သည်။ဟုတ်တာပေါ့။ကျွန်မမျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရဲတဲ့ သူမှမရှိပဲ။ကျွန်မမျက်လုံးတွေက ကြောက်စရာကောင်းတယ်ဆိုပဲ။တကယ်က သာမန်မျက်လုံးသာ ဖြစ်သည်။သို့သော် စူးရဲတောက်ပနေသောမျက်လုံးအစုံဟာ အနီရောင်ရှိနေသည်။သို့သော် မသိသာချေ။စိတ်ဆိုးဒေါသထွက်သောအခါမှသာ အနီရောင်ဟာ ပတ္တမြားတစ်လုံးသဖွယ်တောက်ပလာတတ်သည်။သေချာတာတော့ ဒီလို ပတ္တမြားမျက်လုံးတွေကို မြင်ရပြီးသူတိုင်း ကံမကောင်းကြချေ။သူကိုယ်တိုင် သတ်ပစ်လိုက်တာများသလို ကိုယ်တိုင်မသတ်လိုက်လည်း သိပ်မကြာခင်မှာပင် ကြီးကြီးမားမားအဖြစ်ဆိုး ကြုံတွေ့ကြရသည်။ထို့ထက်ပိုဆိုးသောအရာမှာ Nyx ၏ မျက်လုံးများဟာ တောက်ပနေချိန်မဟုတ်ရင်တောင် စိုက်ကြည့်လိုက်သူ၏ အပြစ်နှင့် မကောင်းမှုများကို ပြန်မြင်စေသည့်အလား ကြောက်လန့်တုန်လှုပ်စေသည်။သူ့ကို စုန်းမဟုခေါ်ဆိုသမုတ်ကျသည်။တစ်စုံတစ်ယောက်က မှည့်ပေးထာတဲ့ နာမည်မှာ စုန်းမ၊မကောင်းဆိုးဝါး၊အဖျက်သမားဟုသာဖြစ်ကာ ထိုနာမည်များ၏အစမှာ သူမ၏ ဖခင်သာဖြစ်သည်။သူကိုယ်တိုင်ကိုတော့ Nyx ဟု ခေါ်ဆိုသည်။
YOU ARE READING
ACESO
Fantasyမှောင်မိုက်သော အနက်ရောင်ကောင်းကင်သည် ကြယ်လေးတွေ တလက်လက်တောက်ပဖို့ အလိုအပ်ဆုံးအရာသာ ဖြစ်သည်။