Chapter 2

37 5 1
                                    

"ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်ဖို့ကြိုးစားပါ။မင်းကို ကယ်ဖို့သူထွက်လာလိမ့်မယ်။"

သိပ်ကို တိုပြီးပြတ်သားထိရောက်သောစာဖြစ်သောလည်း Nyx ၏ စိတ်အစုံကို ကိုင်လှုပ်နိုင်သည်မှာ အမှန်တကယ်ပင်ဖြစ်သည်။

"ကယ်ဖို့လာမယ်တဲ့လား ငါ့ကို"

ဘယ်သူ့ဆီကမှ ကယ်တင်ခြင်းမခံဖူးတဲ့ မိမိသာ ထိုစာတိုလေးဟာ မယုံကြည်နိုင်စွာဘဲ ယုံကြည်ချင်မိသည်။တကယ်ပဲ ကယ်တင်ပေးမယ့်သူရှိလာပြီလား။သို့သော်ထိုစာတိုလေးကို ယုံကြည်ကာ ဘဝတစ်ခုလုံးကို ပုံအပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။အထူးသဖြင့် မိမိလို တစ်ခါမှ ကယ်တင်သူမရှိဘဲရှင်သန်လာခဲ့ရတဲ့သူအတွက်တော့ ပိုမဖြစ်နိုင်ချေ။ဤသို့ဆိုစေကာမူ ထိုစာတိုထဲရှိ ကယ်တင်ရှင်မှာ အစိမ်းကောင်မျက်ဝန်းတွေနဲ့ မိန်းကလေးဆိုသောအချက်သည် Nyx ဟာတွေဝေနေခြင်းကို လျော့ကျစေခဲ့သည်။တစ်ခါမျှပင် မမြင်တွေ့ဘူးပါသော်လည်း၊ဘယ်သူမှန်းပင် အမည်နာမပင်မသိသော်ငြားလည်း သူ့ကိုတော့ ယုံကြည်ချင်မိသည်။ပထမဆုံးအကြိမ် ဓာတ်ပုံကို မြင်လိုက်ရသည့်အချိန်က ရင်းနှီးနေသည့်ခံစားချက်ကို ယုံကြည်ကာ ပုံအပ်ချင်မိပါသည်။

စာတိုလေး၏ တစ်ဖက်တွင် နေရာနှင့် လုပ်ဆောင်ရမည့် အသေးစိတ်ကိုရေးသားထားသည်။

"အီတလီနိုင်ငံ၊ရောမမြို့၊palatine museum"

"ဟင်း အကြာကြီးနေမှ နိုင်ငံခြားခရီးစဉ်‌ရှိတာပါလား။"

စာအိတ်နှင့်ဓာတ်ပုံကို သိမ်းလိုက်ကာ အထုတ်အပိုးပြင်ရန် စတင်ရတော့သည်။Nyx အတွက် နိုင်ငံခြားခရီးစဉ်ဟာ ထူးခြားသည်မဟုတ်သော်ငြားလည်း ဒီခရီးသည် Nyx ထံထူးခြားမှုတစ်ခုကို ယူဆောင်လာပေးနိုင်လိမ့်မည်။မှော်ဆန်‌ဆန် ထူးခြားဆန်းကြယ်သော ခံစားချက်တစ်ခုဖြစ်လာနိုင်သည်။သို့သော်ထိုခံစားချက်၏ ပိုင်ရှင်သည် မည်သူများ‌ဖြစ်နိုင်မည်နည်း။

မှော်ပညာစွမ်းအင်များထက် ပို၍ မှော်ဆန်သောအရာမှာ အချစ်စစ်၊အချစ်မှန်ပင်ဖြစ်သည်။

🌙

နိုင်ငံခြားခရီးစဉ်သို့ဟုတ် မှော်ဆန်ဆန်ခရီးစဉ်တစ်ခုကို ထွက်ရန်ပြင်ဆင်မှု ပြီးချေပြီ။လာကယ်မည်ဆိုသည့်စာတစ်ကြာင်းဟာ Nyx ကို တက်ကြွနေစေသလို သွားရမည့်နေရာနှင့် လုပ်ရမည့်အရာများဟာ စိတ်ကို လေးလံစေနေသည်။

ACESOWhere stories live. Discover now