1

479 24 0
                                    

Alan ဆိုသူက Bankမှာအလုပ်လုပ်နေပြီး 5နှစ်လောက် တွဲခဲ့တဲ့ ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတာကြောင့် အသည်းကွဲနေတဲ့ သူတစ်ယောက်။  ဖြစ်ခဲ့သမျှကို ကံကြမ္မာ တစ်ခုလို့သာ လက်ခံထားလိုက်ပြီး သူ့ဘဝသစ်ကို စတင်ဖို့ ဖြစ်ခဲ့တာတွေကို ဖြည်းဖြည်းချင်း မေ့ပစ်ဖို့ ဆုံးဖြတ်ထားလိုက်တယ်။

Alan က သူ့အမှုသည် Mrs.hong ရဲ့ သားဖြစ်သူ Giapa လို့ခေါ်တဲ့ အမျိုးသားတစ်ဦးနှင့် ပြန်လည်ဆုံတွေ့သည့်အချိန်တွင် ဘဝသစ်ပြန်လည်စတင်ဖြစ်ခဲ့တယ်။ တွေ့ဆုံမှုကတော့ အထူးအဆန်းပါပဲ။ Mrs.hong ရဲ့ ဈာမနပွဲကို လာရာကစတယ်။ Alan သည် Mrs.hong ရဲ့ ဈာမနပွဲကို ဘဏ်ဝန်ထမ်းတစ်ဦးအဖြစ် ရောက်ရှိလာခဲ့ပြီး Giapa ကို ဆုံးရှုံးမှုအတွက် စိတ်မကောင်းကြောင်း ပြောရင်း Mrs.hong ရဲ့အာမခံကိစ္စအကြောင်း တို့ကို အကျဉ်းချုံးပြောပြဖြစ်ခဲ့တယ်။

Giapa နေထိုင်တဲ့ ရပ်ကွက်မှာ နေထိုင်‌‌နေတဲ့ သူ့အရင်ရည်းစားဟောင်း Wen ကို အဲ့ဒီ့မှာ မြင်လိုက်ရပေမယ့် သူ့နှလုံးသားက တုန်လှုပ်မနေပါဘူး။ နောက်ပြီး သူ့နှလုံးသားက ထပ်ပြီးချစ်ဖို့ အသင့်မဖြစ်သေးတဲ့အပြင် ခုတွေ့ဆုံတဲ့ လေထု အငွေ့အသက်တွေက နှစ်ယောက်လုံးကို ချစ်ဖို့ အဆင်သင့်မဖြစ်သေးဘူး မဟုတ်လား?။

နောက်တနေ့ သင်္ဂြိုဟ်မည့်နေ့တွင် Alan က bank ကနေပြီးတော့ Mrs.Hong ကိစ္စနဲ့ ပတ်သတ်ပြီး Giapa ရဲ့ စာရွက်စာတမ်းများ လိုအပ်တဲ့အတွက်ကြောင့် ထပ်ပြီး ရောက်လာခဲ့တယ်။ Giapa က Mrs.hong အကြောင်း မိန့်ခွန်းစပြောတဲ့အချိန်မှာ Wen နဲ့အတူ Alan က လိုက်ပါခဲ့ပါတယ်။ အဲ့အချိန်မှာပဲ Alanက ကြင်နာတတ်တဲ့ မဒမ် hong အကြောင်း စတင်တွေးတောဖြစ်ခဲ့ပါတယ်။

သူနဲ့တွေ့တိုင်း မဒမ် hongက သူ့သားအကြောင်းကို အမြဲပြောပြလေ့ရှိတယ်။ ပြီးတော့ သူတို့ ၂ယောက်က တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်းတွေပါ Alanကို ပြောပြခဲ့ဖူးတာကြောင့် ခုချိန်မှာ အဲ့အကြောင်းတွေပြန်သတိရရင်း သူကိုယ်တိုင်တောင်မသိလိုက်ပဲ မျက်မှန်အောက်ကနေ မျက်ရည်များစီးကျလာခဲ့တယ်။

၂လခန့်ကြာသောအခါ။

Alanနဲ့ Giapaရဲ့ ဆက်ဆံရေးက bankကဝန်ထမ်းနဲ့သူ့ရဲ့အမှုသည်အနေနဲ့ရှိနေပါပြီ။ Alanရဲ့ စိတ်ခံစားချက်က Wenနဲ့ ရှိနေတုန်းကလိုမျိုးမဟုတ်ပဲ အသစ်တဖန် ခံစားချက်ကောင်းတွေရှိနေပါပြီ။ Alanက မုအွန်လုပ်ဖို့နဲ့ ဘဝသစ်စဖို့ကိုပဲ အလိုရှိတော့တယ်လေ။

Moonlight Chicken Alan&Giapa Side StoryWhere stories live. Discover now