Alanသူ့ကို တစ်မျိုးထင်သွားမှာကို သူအရမ်းကြောက်တာပဲ။ မနေ့က အော်ဒါအတွက် ကြက်သားကို လှီးဖြတ်ပေးနေတုန်း အတွေးတွေနယ်လွန်သွားပြီး ကိုယ့်လက်ကိုထိမိပြီး ညနေကျတော့ အဖျားတွေတက်လာပြီး မလှုပ်နိုင်ဖြစ်သွားတော့တာပဲ။ သူဖျားတယ်လို့ သတင်းကြားတော့ Alanက အရမ်းကို စိတ်ပူသွားတာဆိုပြီး Saleng က သတင်းပို့တယ်။ ခုလည်း သူတို့ Giapa ဆီ လာနေကြောင်းပါ စာပို့လာတာမို့ နားမနေတော့ပဲ ရေထချိုးလိုက်တော့တယ်။ မနေ့ကတော့ ဆိုင်ကနေ အိမ်ကိုသာ အားတင်းပြီးပြန်သွားရတာ။ ဆေးကိုလည်း Saleng ကိုပဲ လာပို့ခိုင်းရတာ။ ဆေးသောက်ပြီးကတည်းက လူသေကောင်လို အိပ်ပျော်သွားတော့ Alan ရဲ့ စာကိုလည်း သူမပြန်မိ။
"ဘာလို့ ဒါတွေလုပ်လာတာလဲ အဆင်ပြေရဲ့လား ကျွန်တော်ရောက်လာလို့ အနှောင့်အယှက်ဖြစ်သွားပြီထင်တယ် ကျွန်တော်လည်း စိတ်ပူနေလို့လေ အဲ့ဒါနဲ့..."
သူ Alan ရှေ့မှာ လက်ဖက်ရည်တခွက်ချပေးပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်တာနဲ့ စကားတွေ တရစပ်ထွက်လာတဲ့ Alan ကြောင့် သူရယ်လိုက်မိတယ်။
"ဖြည်းဖြည်း ကျွန်တော် အဆင်ပြေပါတယ်"
Saleng ကလည်း ဘေးကနေ သူတို့အခြေအနေကို အကဲခတ်ရင်း ပြာယာခတ်စိတ်ပူနေတဲ့ Alanကိုကြည့်ရင်း ကြိတ်ရယ်နေသေးတာ။
Giapa စိုက်ကြည့်လိုက်မှ ငြိမ်သွားတာ။
"ဒါနဲ့ Mr.Alan တကယ် ကြက်သားလိုနေတာလား? ဒါဆို ကျွန်တော့် သူငယ်ချင်းဆိုင်ကို ညွှန်းပေးမယ်လေ ဈေးရော ပစ္စည်း Quality ရော အတူတူပါပဲ စိတ်ချရပါတယ်"
"လက်ကအများကြီးထိသွားတာလား?"
သူမေးတာကို မဖြေပဲ လက်က အနာကပ်ပလာစတာကိုကြည့်ပြီး မေးလာတဲ့ Alan ကြောင့် နည်းနည်းတော့ ကြောင်သွားရတယ်။
"အာ မများပါဘူး နည်းနည်းလေးပဲထိသွားတာပါ သိပ်ပြီး စိတ်မပူပါနဲ့နော်"
Giapa က အပြုံးနုနုလေးနဲ့ပြောလိုက်မှ သူက ခေါင်းငြိမ့်တယ်။
"Mr.Alan"
"ဗျာ"
"ကြက်သားက တကယ်လိုနေတာလားလို့လေ?"
Giapa နောက်ထပ်တကြိမ်ထပ်မေးရတယ်။ ခုနကမေးတာကို Alan ကြားပုံမရ။ Giapaလက်ကိုစိတ်ပူနေရတာနဲ့ ပြင်ပလောကနဲ့ အဆက်အသွယ် ခဏပြတ်သွားပုံရတဲ့ Alan။
YOU ARE READING
Moonlight Chicken Alan&Giapa Side Story
FantasyMoonlight Chicken ကြည့်ပြီး ညီမလို Alanနဲ့Giapaကို အတူမြင်ချင်တဲ့ သူတွေအတွက် E Transလေး တပုဒ်တွေ့လို့ ရေးတဲ့ အော်သာဆီက ခွင့်ပြုချက်တောင်းပြီး ရေးဖြစ်တာဖြစ်ပါတယ်။ တပတ်ကို2ပိုင်းလောက် တင်ပေးနိုင်အောင် ကြိုးစားမှာဖြစ်လို့ ဖတ်ကြည့်ပေးပါဦးနော်♥️။ Moonlig...