6

353 19 19
                                    

Alan က မှင်သေသေ မျက်နှာနဲ့ Gym ထဲကို ဝင်ခဲ့တယ်။ အားဖြည့်အချိုရည် ပုလင်းကိုင်ပြီး အလေးမဖို့ ကြိုးစားနေတဲ့ Gong နားသို့ Alan လာခဲ့တယ်။

"ဒီနေ့ နောက်ကျတယ်နော် ချစ်လေး"

Gong က မှင်သေသေရုပ်ကြီးနဲ့ ရောက်လာတဲ့ Alan ကို ပြောလိုက်တော့ Alan က လက်ခလယ်ထောင်ပြလိုက်တယ်။

"အိမ်ပြန်နောက်ကျလို့"

Alan က Gong ပြောစကားကို ပြန်လိုက်ပြီး သွေးပူလေ့ကျင့်ခန်းစလုပ်တယ်။

"Gong က မင်း‌ နေ့တိုင်းနီးပါး Gym ပြန်ဆော့နေတယ်လို့ ပြောတုန်းက သူလိမ်နေတယ်လို့ ငါထင်ခဲ့တာ"

Alan အသံကြားတော့ လှည့်ကြည့်လိုက်ရာ ချွေးတွေထွက်နေတဲ့ Wen ကို တွေ့လိုက်ရတယ်။ သူ Gym ရောက်နေတာကြာပြီထင်တယ်။

"ဒီရက်တွေ ငါ လွယ်လွယ်နဲ့ မောနေလို့ မကြာခဏ လေ့ကျင့်ခန်းလုပ်သင့်တယ်လို့ Gongက ပြောနေတာနဲ့ နေ့တိုင်းနီးပါး ရောက်ဖြစ်နေတာ"

Wen က သိသလိုလိုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ အရင်က Wen ကိုယ်တိုင် Alan ကို လေ့ကျင့်ခန်းလုပ်ဖို့ အချိန်အတော်ကြာ တောင်းဆိုခဲ့ပေမယ့် Alan က အရမ်းခေါင်းမာတာ။

ထို့နောက် Alan နဲ့ Wen  က ပြေးစက်ကို အတူတူ ပြေးကြပြီး ဒီရက်တွေမှာ Alan က မောပန်းလွယ်တယ်ဆိုတဲ့အကြောင်း ကို စကားစမြည်ဆက်ပြောဖြစ်ကြတယ်။ Wen ကိုယ်တိုင်လဲ သူ့ကို လေ့ကျင့်ခန်းများများလုပ်ဖို့ တိုက်တွန်းဖြစ်တယ်။

"မင်းအိမ်ကနေ Giapa ဈေးထိ နေ့တိုင်းပြေးလေ အဲ့ဒါဆို မင်းပိုပြီးအမောခံနိုင်လိမ့်မယ်"

Wen က စလာတော့ Alan ရယ်ပြီး ခေါင်းခါလိုက်တယ်။

"မင်းတို့ကောင်တွေက ငါ့ကို Giapa နဲ့ စဖို့ နည်းလမ်းမျိုးစုံကို ရှာနေကြတော့တာပဲ"

Alan စကားကိုပြန်ကြားတော့ Wen ကလဲ ရယ်လိုက်တယ်။

"Wen ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား?"

Alan စကားကြောင့် Wenခေါင်းငြိမ့်ပြလိုက်တယ်။

"Mr.Jim နဲ့ Giapa တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်က ငါတို့နဲ့ အရမ်းကွာခြားတယ်လို့ မင်းထင်လား?"

Moonlight Chicken Alan&Giapa Side StoryWhere stories live. Discover now