[Zawgyi]
မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*နံနက်ခင်း လင်းရောင်ခြည်တို့ လာချိန်တွင် တစုံတစ်ယောက်က သူ့အား တို့ထိနေသလို ခံစားချက်ကြောင့် မျိုးလွင်ဦးလဲ မျက်လုံးဖွင့်ကြည့်မိလိုက်သည်။
ထိုအခါကောင်လေးက သူ့ဘေးမှာ အတူလဲလျောင်းရင်း မွေ့ယာပေါ်လက်ထောက်ကာ ဆံပင်တွေကို ဆော့ကစားနေသည်။
"မင်း...က ဘယ်လိုလုပ် ဒီ အခန်းထဲရောက်နေတာလဲ"
"တံခါးဖွင့်ဝင်လာတာပေါ့ ဒယ်ဒီရဲ့"
"ဒါပေမယ့် ငါ ညက တံခါး...."
"အဟင်း....ကျွန်တော့်မှာ ဒီအိမ်ရဲ့သော့အပိုတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ဒယ်ဒီ့ အခန်းသော့တွေပေါ့"
" ......"
"အဲ့ဒီလို မျက်မှောင်ကြီး ကျုံ့မထားပါနဲ့ဗျာ။ ဒယ့်ဒီရဲ့ မျက်နှာနုနုလေးပေါ်မှာ အရေးအကြောင်းတွေ ထင်ကုန်ပါ့မယ်"
ပြောပြောဆိုဆိုနှင့် ကောင်လေးက သူ့မျက်ခုံးနှစ်ခုကြားက အရစ်လေးတွေကို လက်နှင့်ဖိပေးနေသည်။
ထို့နောက် တကိုယ်လုံးကို သိမ်းကြုံးကာ ဖက်ထားလိုက်ပြန်သည်။
"လွှတ်စမ်း ရဲမာန်"
"ငြိမ်ငြိမ်နေပါဗျာ။ တညလုံး လက်မောင်းကို ခေါင်းအုံး လုပ်ပေးထားရတာ လက်တွေတောင် ကျဉ်နေပြီ။ ဒါကို ခနလေးတော့ ပေးဖက်အုံးလေ"
"ဘယ်သူက ခေါင်းအုံးလုပ်ခိုင်းလို့လဲ။ အခုလွှတ်"
အနည်းငယ်ထပ်ရုန်းလိုက်တော့ ကောင်လေးက ရုန်းမရအောင် ခြေထောက်နှင့်ပါ ခွထားလိုက်သည်။ ကောင်လေး၏ ခန္ဓာကိုယ်အကြီးကြီးထဲမှာ သူ့တကိုယ်လုံး နစ်မြုပ်ဝင်ကာ ပြုတ်တူဖြင့် ညှပ်ခံထားရသည့်အလား။
"ဒယ်ဒီက အိပ်မောကျနေတဲ့အချိန်ဆို ပြောစကားဆိုစကား အရမ်း နားထောင်တာ။ နိုးလာတာနဲ့ ကလန်ကဆန် သိပ်လုပ်တာပဲ"
"ကလန်ကဆန် လုပ်ရအောင် ငါက ကလေးမှမဟုတ်တာ... လွှတ်"
"ဒါပေမယ့် ဒယ်ဒီက ကျွန်တော့်ရဲ့ ပေါက်စလေးလေ"
YOU ARE READING
𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]
Любовные романы𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭𝐢𝐬𝐭- 𝐏𝐨𝐨 𝐏𝐚𝐧 ၅၂၈ဖြင့် ချည်နှောင် စည်းခြားထားတဲ့ အဖြူရောင်ကြိုးလေးကို ၁၅၀၀ဆိုတဲ့ ပိုင်ဆိုင်ရယူလိုခြင်း ကြိုးလေးက ဝင်ရောက်နှောင့်ယှက် ကျူးကျော်လာသည့်အခါ ချစ်ခြင်းတရားတွေဟာ ကမောက်ကမဖြစ်ကုန်သတဲ့....1500+528 (ရိုင်းစိုင်းကြမ်းတမ...