အပိုင်း ၂၆

45.4K 2K 23
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

"မဖတ်နဲ့"

မျိုးလွင်ဦး အပြေးအလွှား သွားလိုက်ပြီး ရဲမာန်ဝင့်ထည် လက်ထဲက စာအုပ်ကို ဆွဲလုလိုက်တယ်။ သို့သော် ရဲမာန်ဝင့်ထည်၏ အလွန်လျှင်မြန်လှစွာသော ရှောင်တိမ်းလိုက်မှုကြောင့် မျိုးလွင်ဦးမှာ လေဟာနယ်ကိုသာ ဖမ်းဆုပ်မိ၏။

"ရဲမာန် ပြန်ပေး"

လက်ထဲက စာအုပ်အား လိုက်လုနေသော မျိုးလွင်ဦးကြောင့် ရဲမာန်ဝင့်ထည်မှာ စာအုပ်ကို ဟိုရှောင် ဒီတိမ်းဖြင့် လုခွင့်မပေးချေ။

မျိုးလွင်ဦးမှာလဲ လက်လျော့မည့်ပုံ မပေါ်ပဲ အသဲအသန် လိုက်လုနေသည်ကြောင့် စာအုပ်ကို ကိုင်ကာ အပေါ်မြှောက်ထားလိုက်၏။ ရဲမာန်ဝင့်ထည်၏ မြင့်မားလှသော အရပ်ကြောင့် မျိုးလွင်ဦးမှာ ထိုစာအုပ်ကို မမှီတော့ပေ။

ဒါတောင် ခုန်ဆွခုန်ဆွဖြင့် လက်ထဲက စာအုပ်ကို ယူဖို့ကြိုးစားနေသေးသည်။

ရဲမာန်ဝင့်ထည်က ကျန်သည့်လက်တဖက်ဖြင့် သူ့ရင်ခွင်နားမှာ ခုန်ဆွခုန်ဆွလုပ်နေသော မျိုးလွင်ဦး ခါးကိုသိမ်းဖက်ကာ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်၏။

ရုတ်တရက် အလွန်နီးကပ်သွားသော အခြေအနေကြောင့် မျိုးလွင်ဦးလဲ အခုမှသတိကပ်မိပြီး ရဲမာန်ဝင့်ထည် ကို စိုက်ကြည့်လာသည်။

"ဘာဖြစ်လို့ အသဲအသန် လိုက်လုနေရတာလဲ အသဲလေးရဲ့"

"ပြန်ပေးလို့ ရဲမာန်။ သူများဒိုင်ယာရီကို ခိုးဖတ်တာ မကောင်းဘူးနော်"

"အဟင်း... ဟုတ်လား။ ဒါဆို ကောင်လေးငယ်ငယ်လေးအပေါ် မရိုးမသားစိတ်တွေ ထားနေတာကရော ကောင်းတာလား"

မျိုးလွင်ဦး ပြန် ပြောစရာစကားမရှိတော့။

ရှက်ရွံ့မှုကြောင့်သာ ထွက်ပြေးပစ်လိုက်ချင်တော့တယ်။ သို့ပေမယ့် ကောင်လေးက ခွင့်မပြုခဲ့။ ခါးပေါ်ရှိ လက်က သူ့အား သန်မာအားကောင်းစွာ ဖက်တွယ်ထားခဲ့သည်။

"ဟင်...ပြောပါအုံး။ မောင့်ကို ဒယ်ဒီက ဘယ်ချိန်ကတည်းက ချစ်နေတာလဲ"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now