-5-

1.3K 185 86
                                    

Recommend Song- Until You by Shanye Ward

" ရစ်ခီ ရစ်ခီ ဒါလေးထည့်ပါဦး.. ။ "

" ဟေ့ကောင် အဲ့တာလည်းထည့်လိုက် "

" ဟိုဘူးရော ယူလိုက်ဦး.. "

" မင်းလက်ဘေးက အသည်းပုံထုတ်လေးရော.. "

ဂယူဘင်းမှာ မားကတ်ထဲတွင် cartအား ရင်ဘတ်နှင့်​​ထောက်ကာမှီတွယ်ထားရင်းမှ မုန့်တန်းထဲတွင် မုန့်များရွေးနေသည့်ရစ်ခီ့အား လက်ညှိုးတထိုးထိုးဖြင့် တစ်ခုပြီးတစ်ခုခိုင်းလာပါလျှင် ရစ်ခီရှန်၏မျက်နှာက မှုန်သုန်လာပါတော့၏ ။

" ကျစ် .. ကင်မ်ဂယူဘင်း မင်းမှာ လက်မပါဘူးလား ။ ကိုယ့်ဟာကိုယ်​သွားပြီးယူလေ "

" မသွားချင်လို့ပေါ့ဟ.. ယူပေးစမ်းပါ ။ "

ဂယူဘင်းပြောလိုက်လျှင်ပဲ ရစ်ခီက သူ့လက်ထဲတွင် ကိုင်ထားပြီးဖြစ်သည့် ဂျယ်လီထုတ်အား နေရာတွင်ပြန်၍တင်လိုက်ပြီးမှ ဂယူဘင်းဘက်သို့ပြန်လှည့်လာကာ ခါးတစ်ဖက်ထောက်၍ လက်ညိုးကြီးထိုးကာဖြင့် ဆိုလာပါတော့သည် ။

" ဒီမှာ ကင်မ်ဂယူဘင်း ငါကမင်းရဲ့ရည်းစားမဟုတ်ဘူး.. ။အဲ့တာကြောင့် တစ်ခုပြီးတစ်ခုလာခိုင်းမနေနဲ့ .. မလုပ်ပေးနိုင်ဘူး ။  စားချင်တာ ကိုယ့်ဟာကိုယ်လာယူ "

" ငါကမင်းကိုရည်းစားလုပ်ခိုင်းပါတယ် မင်းကမှမလုပ်ချင်တာ..."

" ဂယူဘင်း စကားကိုလွယ်လွယ်မပြောစမ်းနဲ့...။ "

" ဘာလဲ ဒါဆိုငါက ကိုကိုရစ်ခီရှန်ခင်ဗျ .. ကျွန်တော်မျိုးနဲ့ လာရောက်တွဲခုတ်ပေးဖို့အတွက် တောင်းဆိုပါတယ်လို့ ခက်ခက်ခဲခဲနဲ့ပြောပေးရမှာလား.. ။ "

" အေး အဲ့လို-"

" အဲ့လိုပြောမယ်ထင်လို့လား ဆုတောင်းလေ ဟားဟား.. "

ရစ်ခီမှာ သူ့စကားဆုံးသည်နှင့် ဂယူဘင်းဘက်ကလည်း အတည်အတံ့ပြောလာခဲ့သည်ထင်၍ "အဲ့လိုပြောရင်တွဲမှာပေါ့ " ဟုပြောရန် ပြင်လိုက်ပါသော်လည်း သူ့စကားကိုပင်အဆုံးထိနားမထောင်ဘဲ တဟဲဟဲနှင့် စနောက်လာခဲ့သည့်ဂယူဘင်းကြောင့် ရစ်ခီ့၏ ကင်မ်ဂယူဘင်းဆိုသည့်ကောင်အပေါ် ကျန်ရှိနေသေးသည့် အကောင်းမြင်စိတ်ပိစိလေးသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားရတော့ကာ လက်ထဲမှ တ​ပွေ့တပိုက်နှင့် ကိုင်ထားသည့်မုန့်ထုတ်များကို သကောင့်သားကိုင်ထားသည့်cartထဲသို့ ဝုန်းခနဲပင် ပစ်ချပေးလိုက်ပါတော့သည် ။

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now