မနေ့ညနေကတွင်ဖြစ်သည် မိုးရေတွေနဲ့ချောနေတဲ့ ဝရန်တာတွင် အဝတ်ထွက်ရုတ်ရင်းက ခြေခေါက်ကာဖြင့်သျှားယွန်းက ခြေကျင်းဝတ်လေး လွဲသွားကာ ။လမ်းပင် မှန်မှန်မလျှောက်နိုင်တော့ချေ ..
မောင်ကလည်း ဆေးခန်းကိုမသွားခိုင်းတော့ပဲ ချိန်းထားတဲ့ patients တွေကိုသာ အကြောင်းပြန်ခိုင်းနေသည် ..
သျှားကတော့ ထိုသို့လုပ်ချင်ပုံမပေါ် .. သူမဆေးခန်း လေးလောက်ကတော့ သွားနိုင်ပါသည် ခြေထောက်ကလဲ အရမ်းကြီးဆိုးဝါးနေတာမျိုးမဟုတ်တော့ ..
လူနာထဲမှာ အရေးကြီးလူနာပါလာမာကို စိုးရိမ်သည် ။
" မောင် အပြင်ခနသွားလိုက်အုံးမယ် သားကို ဘွားဆီပို့ထားလိုက်မယ် သျှားလဲခြေထောက်ထိထားတော့ .."
" အင် ရတယ် .."
မောင့်အလစ်ကိုစောင့်ပြီးမှ ဆေးခန်းကိုသွားရင်တော့ ရနိုင်လောက်မာပါလေ ဟု သျှားတွေးမိလိုက်လို့ပင် ။
သူ့မခြေထောက်လေးကို မျက်ရည်ဝဲဝဲလေးကြည့်နေတဲ့ သားကို ..
" မားမား ဘာမှမဖြစ်ပါဘူး သားရယ့် .."
" ဂ ရုစိုက်ရမှာ အဲ့ဒီ့ကို သွားတာ တားတား မလိုက်ခဲ့လို့ "
Bunni လေးက ပြောရင်း မျက်ရည်လေးတွေ ဝေ့တက်လာကာ ငိုချင်နေလေသည် ..
" မဟုတ်တာ သားရယ့် .. မားမားကသတိလက်လွတ်ဖြစ်သွားလို့ပါ အခုနည်း"လေးမှ မနာတော့ဘူး .. သားစိတ်ချလို့ရပြီနော် မစိုးရိမ်နဲ့တော့ "
" ဟင့် "
သားကိုချီကာထွက်သွားတဲ့ မောင့်နောက် ကုတင်ပေါ်ကနေအသာထကာ မှန်တင်ခုံဘေးက ဖုန်းလေးကိုယူလိုက်သည် ။
မဒီ့ကိုမနက်ကအခြေအနေလှမ်းပြောထားခဲ့ပေမယ့် သက်သာရင်တော့ သူလာမယ်လို့ပြောခဲ့သည်လေ ...
မဒီ့ကိုပို့ဖို့ မက်ဆေ့ခ်ျခပ်သွက်သွက်လေး ရိုက်ပြီးနောက် ဗီဒိုထဲက ဂျူတီကုပ်ကိုယူကာ ခေါင်းက ဆံပင်လေးတွေကို သိုင်းစည်းလိုက်သည် ..
မောင်အပြင်ထွက်သွားတာကို သေချာပြီဆိုမှအောက်ကိုဆင်းလာကာ ဧည့်ခန်းက မှန်လေးကိုတစ်ချက်ကြည့်ပြီး သပ်သပ်ဖြစ်အောင်ပြင်လိုက်သည် ..
KAMU SEDANG MEMBACA
Silent Kiss Season -2
Fiksi PenggemarPromote - " မောင်ပြောတယ်လေ သဝန်တိုတယ်လို့ .. မောင် မင်းကိုသားနဲ့တောင် သဝန်တိုချင်တာ ဒီကောင်ဆိုလစ်လိုက်တော့လေ !" Jungkook <> oc