နေမင်းထက်ပိုပြီးတောက်ပနေတဲ့သူကသေချာပေါက်ငါပါပဲ
မကောင်းဆိုးဝါးလို့ငါ့ကိုခေါ်ရင်တောင် ဂရုမစိုက်ပါဘူးအချစ်ရေ..
.
.
ကိုယ့်အတွက် ထာဝရကခုန်ပေးပါ
ကွဲအက်နေတဲ့မှန်ထဲကနေကိုယ့်ကြည့်ရင်းခြေလှမ်းတွေကိုလိုက်ညှိကြည့်ပါ
အရမ်းလှပတဲ့ဒီအခိုက်အတန့်လေးရပ်တန့်မသွားချင်လို့
wow..again chaconne now...
.
.အဆုံးသတ်မရှိကခုန်ချင်နေမိတယ်
ကျိန်စာတစ်ခုလို ငါ့ကိုယ်ငါလည်းမရပ်တန့်နိုင်တော့
ထပ်ပြီး Channone now..(Chaconne)
.
.
.(ဒီအပိုင်းက နောက်ဆုံးနားလေးမှာ warning လေးနည်းနည်းပါတာမို့ အသက်မပြည့်သေးတဲ့ကလေးတွေပါရင် ကျော်ပြီးဖတ်လိုက်ပါနော် 😘)
သဲသောင်ပြင်ပေါ်ရောက်တာနဲ့ သတိမေ့ချင်ယောင်ဆောင်နေတဲ့ဆောင်ဟွန်းကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိတဲ့ဂျယ်ယွန်းတစ်ယောက် ပြာယာခပ်နေမိသည်။
ဒီလူက ဘယ်လိုစိတ်ကူးနဲ့များ ညကြီးပင်လယ်ထဲခုန်ရချတာလဲ။ဒီလောက်အန္တရာယ်များတာကို သူမသိဘူးလား။
ကျွန်တော်သာ သူ့ဆိုင်မှာကပ်ထားတဲ့လိပ်စာကိုမမြင်ဘဲလိုက်မလာခဲ့ရင်အခုအချိန် သူတစ်ယောက်တည်းဒုက္ခရောက်နေတော့မှာ။လူသားတွေရေနစ်ရင် သူတို့အချင်းချင်းကယ်တင်တဲ့နည်းလမ်းလိုမျိုးလုပ်ကြည့်ရင် ကောင်းမလား ပါးစပ်ထဲကိုလေမှုတ်သွင်းတဲ့နည်းလမ်း။ တော်ပါပြီလုပ်နည်းမမှန်ရင် သေသွားမှာစိုးရတယ် ။ ဒီအတိုင်းဂူမီဟိုအစွမ်းနဲ့ပဲ သတိရလာအောင်လုပ်တော့မယ်လို့တွေးလိုက်ချိန်မှာ ထိုသူရဲ့မျက်လုံးတွေပွင့်လာတာမို့ လန့်ပြီး ထွက်ပြေးဖို့ကြိုးစားလိုက်ပေမယ့် ကျွန်တော်လက်ကိုခိုင်မြဲစွာပြန်ဆွဲလာတဲ့ ထိုသူရဲ့လက်တစ်စုံကြောင့် မအောင်မြင်ခဲ့ပေ ။
.
.ဆောင်ဟွန်းသတိမေ့ချင်ယောင်ဆောင်နေရင်းကနေ သူ့ရှေ့မှာရှိနေတဲ့သူဆီက ဘာတုန့်ပြန်မှုမှမလာတာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ လန့်ပြီးထွက်ပြေးမယ်ပြင်နေတဲ့အဖြူလုံးလေးကို ကမန်းကတန်းလှမ်းဆွဲလိုက်ရသည်။
ဖြာကျနေတဲ့လရောက်အောက်မှာ မြင်နေရတဲ့ဒီဂူမီဟိုလေးက
တကယ်ကိုထိုင်ငေးချင်စရာကောင်းသည်။

YOU ARE READING
SACRIFICE
Fiksi Penggemarဂူမီဟိုတွေက တစ်ကယ်ချစ်မိသွားတဲ့အခါ တစ်သက်မှာတစ်ယောက်တည်းကိုပဲရင်ထဲမှာသိမ်းဆည်းပြီး နှစ်နှစ်ကာကာချစ်တတ်ကြတယ်တဲ့။ နှစ်ပေါင်းရာချီထောင်ချီအသက်ရှည်တဲ့ ဂူမီဟိုတစ်ကောင်ဟာ ရာစုနှစ်တစ်ခုစာတောင် ကောင်းကောင်းမရှင်သန်နိုင်တဲ့လူသားတစ်ယောက်ကိုချစ်မိသွားရင် ဘဝကိ...