S.A.C.R.I.F.I.C.E

535 72 6
                                    

( မနေ့က ရေးထားတာကိုစိတ်တိုင်းမကျလို့ သေချာလေးစိတ်နှစ်ပြီး ပြန်ပြင်ရေးထားတာမို့ တစ်ခါထပ်ပြီးဖတ်ပေးပါဦးနော်
ပြန်ပြင်ရလို့ဖတ်ပြီးသားသူလေးတွေကို တကယ်ကိုအားနာရပါတယ်ရှင်)

တောင်းဆိုပါတယ် Kill me
ပိုနက်ရှိုင်းစွာကုစားပေးပါ
အဆုံးမရှိတဲ့ ကိုယ့်ရဲ့လဲပြိုမှုတွေ
ပိုနက်ရှိုင်းစွာ..
ကိုယ့်ရဲ့လက်ကိုဆွဲထားပေးပါ..
.
.
.

မင်းဆီမှာ ကိုယ့်ရဲ့ဘဝကိုအပ်နှံထားမယ်
ကိုယ့်ရဲ့အရာရာကိုဝါးမြိုလိုက်ရင်လည်းအဆင်ပြေတယ်
မင်းဆီမှာကိုယ့်ဘဝကိုအပ်နှံထားမယ်
ကိုယ့်ရဲ့အသွေးအသားတွေကိုသုံးဆောင်လိုက်ပါ..
.
.
.

ကံကြမ္မာကဖန်တီးပေးတဲ့ကောင်းချီးတစ်ခုပါပဲ
ကိုယ့်ရင်ထဲမှာကျန်ရစ်ခဲ့တဲ့အမာရွတ်တစ်ခု
ကိုယ်တို့ရဲ့ကံကြမ္မာမှာဖုံးလွမ်းနေတဲ့အမှောင်ထု
မင်းပိုင်တဲ့ကိုယ့်ကိုမင်းအတွက်ရည်ရွယ်ပြီး
ကိုယ့်ရဲ့ sacrifice..
-Sacrifice (Eat me up)

.
.
မနက်နိုးတာနဲ့
ရင်ခွင်ထဲကဂူမီဟိုလေးဆီက ပုံမှန်မဟုတ်တဲ့နွေးထွေးမှုတစ်ခုကိုခံစားလိုက်ရတာကြောင့် မျက်လုံးတွေဖွင့်ကြည့်မိတော့
ကျွန်တော့်ကိုရစ်ပတ်နေတဲ့အဖြူရောင် အမွေးပွပွလေးတွေကိုတွေ့လိုက်ရသည်။

ဒါက အမြီးဖြူဖြူလေးတွေကို ဒုတိယအကြိမ်မြောက်
မြင်ဖူးခြင်းပါပဲ။
ဝါဂွမ်းလုံးလေးတွေလို နူးညံ့ဖြူစင်တဲ့အမြီးလေးတွေက ပိုင်ရှင်လိုပဲ သိပ်ချစ်စရာကောင်းသည်။

ဒါက သူ့ရဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ပုံစံတစ်မျိုးပဲလားလို့တွေးမိတော့ကြည်နူးရပြန်သည်။

ရင်ခွင်ထဲမှာ
အပူအပင်ကင်းစွာအိပ်မောကျနေတဲ့ ဂျယ်ယွန်းကိုမြတ်နိုးစွာနဲ့အသာအယာ ငုံ့နမ်းမိတော့ အသံပိစိလေးတွေထွက်ကာ လူးလွန့်လာသည်။

" အင်း ဆောင်ဟွန်း ကျွန်တော် အိပ်ရေးမဝသေးဘူး အိပ်ချင်သေးတယ် "

" အိုး ကိုယ်က အသည်းယားလာလို့နမ်းလိုက်မိတာ အိပ်ရေးပျက်သွားရင်ဆောရီး ပြန်အိပ်လိုက်ဦး ကိုယ့်ကလေးလေး "

SACRIFICE Where stories live. Discover now