Part-1/2(Unicode)

20 1 0
                                    

ကျွန်တော် သူမကို စတွေ့တဲ့နေ့က coffeeဆိုင်လေးတစ်ခုထဲမှာပေါ့

လှရက်လွန်းပါတယ်လို့ ကျွန်တော် မညွှန်းဆိုရက်ပေမယ့်

သူမက ကျွန်တော့်မျက်လုံးထဲမှာ ထူးခြားနေတာမျိုးလေး

ရုပ်မြင်ချစ်ခင်ပါစေ ဆုတောင်းပြည့်နေသလိုပါပဲ ခင်ဗျားရယ်

မြင်မြင်ချင်းရူးတယ် ဆိုရင်ဆိုကြစမ်းပါစေဗျာ

မမ မှာတဲ့coffeeကိုဝယ်ပြီး ကျွန်တော်ဆိုင်ကပြန်အထွက် သူမကိုလှည့်ကြည့်မိတော့ သူမ မရှိတော့ဘူး

သေချာတာပေါ့ သူမပြန်သွားပြီလေ

ခင်ဗျားရယ် ကျွန်တော်တော့ ရူးသွပ်စွာ မြတ်နိုးမိပါပြီ

ဒီလူက မြင်မြင်ချင်းသဘောကျမိတာမလို့

အရူးလို့စွပ်စွဲပြီး အရူးထောင်ထဲထည့်တောင်

ဒီလူက ကျေကျေနပ်နပ်ကြီး လက််ခံပါတယ် ခင်ဗျားရယ်

.............................

သေချာတာပေါ့ နဂိုက မမ အလုပ်ခိုင်းမှာ ကြောက်တဲ့ကျွန်တော် အလုပ်မျှော်တတ်လာပြီ

အကြောင်းမရှိအကြောင်းရှာ coffeeဆိုင်လေးကို ခြေချင်းလိမ်အောင် သွားတတ်လာခဲ့ပြီ

မမ ကတော့ညဉ်းပါရဲ့ သူအဲ့ဒီ့coffeeဆိုင်ကအရသာကိုကြိုက်ပါရဲ့

ဒါပေမယ့် နေ့တိုင်းသောက်နေရတော့ ကျွန်တော့်က သူ့ကို ရွဲ့နေတာလားတဲ့

ဘယ်ကသာ မမ ရယ် ကျွန့်တော်စေတနာပါဗျာ မမ ကျေးဇူးကြောင့် သူမနဲ့တွေ့ခဲ့တာလေ

သူနဲ့ပြန်ဆုံချင်တာကတော့ တစ်ကြောင်းပေါ့ဗျာ

ဒီလိုနဲ့ တစ်နေ့တော့ပြန်ဆုံခဲ့လေရဲ့........

သေချာတာပေါ့ သူမနဲ့ပြန်ဆုံတာက coffeeဆိုင်လေးထဲမှာပဲပေါ့

ဖြစ်ချင်တော့ ကျွန်တော့် မမ က ကျွန့်တော်ရဲ့ ဖူးစာရေးနတ်မင်းလိုပါပဲ

သူမနဲ့ဆုံရတိုင်း မမ ကတော့ အကြောင်းအရာတစ်ခုမဟုတ်တစ်ခုပါဝင်နေလေရဲ့

.............................

"မမ"

"အေး ဘာလဲပြော"

You've reached the end of published parts.

⏰ Last updated: Apr 25 ⏰

Add this story to your Library to get notified about new parts!

ေမာင္ (မောင်)Where stories live. Discover now