Part-2(zawgyi)

13 1 0
                                    

နောက်ပိုင်း မေက ကျွန်တော်ကောင်းဇော်သူငယ်ချင်းမှန်းသိတော့ မေ့တူလေးအကြောင်း မမ အကြောင်းအပြင် ကောင်းဇော်အကြောင်းပါဆွေးနွေး တတ်လာခဲ့တယ်

သေချာတာကတော့ မေ ကျွန်တော့်ကို မောင်လေးတစ်ယောက်အပြင် ပိုမမြင်ခဲ့ဘူးပဲမေရယ်

တစ်နေ့တော့ မောင်တို့ အဆင့်တက်နိုင်မှာပါလို့ တွေးခဲ့မိတာ မောင်အခွင့်မရှိတော့ဘူးထင်ပါရဲ့

ကြုံဆုံခဲ့မိတာကို အပြစ်တင်ရမလား ကျေးဇူးတင်ရမလားတောင် မောင်မသိတော့ပါဘူး မေရယ်

.............................

"မမ"

အခန်းဝကလှမ်းခေါ်တဲ့အသံကြောင့် သူသူထက် အလုပ်လုပ်နေရာမှ ခေါင်းထောင်ကြည့်မိသည်။

"အေးပြော ဘာပြောမလို့လဲ"

"မမ အားလားဟင်"

"အင်း အလုပ်တော့ရှိတာပေါ့ ဘာပြောချင်လို့လဲပြောလေ"

အစ်မဖြစ်သူရဲ့ခွင့်ပြုချက်ရသောကြောင့် မောင်အခန်းထဲဝင်လာခဲ့လိုက်တော့သည်။

"မမ ဟိုလေ"

မောင့်ရဲ့စကားပြောဖို့တုံ့ဆိုင်းနေသည့် ဟန်ပန်ကြောင့် သူသူထက် လုပ်လက်စများကို ရပ်လိုက်ပြီး အကြည့်အားလုံးမောင့်ဆီပို့လိုက်သည်။

"မောင် ငါနင့်အစ်မနော် ပြောပြောစရာရှိတာကိုပြော ဝေ့လည်ကြောင်ပတ်မလုပ်နဲ့ ဘာပြသနာရှိလို့လဲ မမကိုပြော"

"ဟိုလေ မမ မောင်အကြံတောင်းချင်လို့ပါ"

"အင်းပြောလေ"

"မမ ကိုယ်သဘောကျတဲ့သူမှာ ဆိုင်သူရှိနေရင် မောင်ဘာလုပ်ရမလဲဟင်"

မောင့်စကားကြောင့် သူပြုံးလိုက်မိသည် ဒီအရွယ်မှာ ဒီလိုတွေ့ကြုံမယ်ဆိုတာ သူသိပေမယ့် သူ့မောင်လေးကို သူက ကလေးလို့ပဲမြင်မိသေးတာကို

"မောင်...မောင်သဘောကျတဲ့သူရှိနေပြီလား မမတောင်မသိရပါလား ဟင်"

"မောင်က သဘောကျပေမယ့် သူကမောင့်ကိုပြန်သဘောကျမှာမဟုတ်ဘူး ပြီးတော့မောင် သဘောမကျသင့်တဲ့သူတစ်ယောက်ကို သဘောကျနေမိတာ မမရဲ့ ပြောရရင် မောင့်သူငယ်ချင်းရဲ့ မိန်းကလေးဖြစ်နေတယ် မောင်သူ့မှာဆိုင်သူရှိမှန်းမသိလိုက်ဘူး မမ မောင်တော့ ဗျာများနေမိပြီ မမရယ် မောင်...မောင်..."

မောင် (မောင်)Where stories live. Discover now