Bam- ဖုန်းခနယူသုံးလို့ရမလား?
jungwon- ကျွန်တော်လား?
(ကြောက်စရာ မျက်နှာထားတဲ့ထိုလူကို jungwonဖုန်းထုတ်ပေးလိုက်သည်)
Bam- အခု မင်းသူငယ်ချင်းရဲ့ ဖုန်းနံပါတ်ရထားပြီးပြီ
ပျတ်စီးမှု့တွေအတွက် ကားအာမခံကုမ္ပဏီကို
ဆက်သွယ်ခိုင်းလိုက်မယ်
jungwon- ဒီမှာအကို ကျွန်တော်တောင်းပန်ပါတယ်
ဒါပေမယ့် ကျွန်တော် သူငယ်ချင်းက ဒီမှာရှိနေတယ်လေဘာလို့ သူ့နံပါတ်မယူတာလဲ
Bam- ဘာလို့ဆို မင်းက သူ့ထက်ရိုးသားတဲ့ပုံပေါက်လို့
sunoo- ဒီမှာ ကျွန်တော်က မရိုးသားဘူးလို့ပြောချင်တာလား
(sunooရဲ့ စကားကို အဖက်တောင်မလုပ်ပဲ ထွက်သွားလေသည်)
sunooလည်း ဘလိုင်းကြီးအပြောခံလိုက်ရတာလေ မကျေနပ်နိုင်ဘူး ဒါကြောင့် Bamနောက်လိုက်သွားပီး
.....
sunoo- ဒီမှာ အကို
ကျွန်တော်တို့ အရင်က တွေ့ဖူးလား?
ဒီမှာ ကျွန်တော်ပြောတာကြားလား
.......
Bam-ဟက်... ဒါကရော လှည့်ကွက်လား
sunoo- ဘာကိုလှည့်ကွက်လဲ
Bam- ငါ့ကို သိချင်ယောင်ဆောင်ပီး ပျက်စီးမှု့အတွက် ရော်ကြေးငွေပေးစရာမလိုအောင်လေ
sunoo- အဲ့ဒီအတွက် စိတ်မပူပါနဲ့ကျွန်တော်က အကိုလောက်မချမ်းသာရင်နေမယ်
ဒါပေမယ့်ကိုယ့်ဘက်ကမှားလို့ ပေးမှာပါ
ခုနက အကိုစော်ကားမော်ကားပြောသလို
လှည့်ကွက်ကို သုံးတာမဟုတ်ဘူး
ဒါပေမယ့် ကျွန်တော်သိချင်တာက
အကိုမျက်နှာကို ကျွန်တော်တကယ်ရင်းနှီးနေလို့