Ep-8

69 11 6
                                    

"ကြေးမုံပေါ်မှာပေါ်နေတဲ့ပုံရိပ်တခုဟာ ရေမွှေးအပြင်းစား ရနံ့ကိုဆွတ်ပီး သူရဲ့နှုတ်ခမ်းထောင့်များကို တွန့်ကွေးယုံသာ ပြုံးလိုက်သည်"

Bam- ငါအဆင်သင့်ဖစ်ပီ....သွားကြမယ်jack

Jack- ဟုတ်ကဲ့ပါ....

......

"ရတနာလေလံပွဲ"

Yunna- သမီး အဲ့ဒီဝတ်စုံကို ဝတ်သင့်တာ အဲ့ဒါဆို kim hannaက ဒီပွဲမှာ အလှဆုံးဖစ်နေမှာ

*hannaက Bamပို့လိုက်တဲ့ အင်္ကျီကို မဝတ်ခဲ့ဘူး...သူမှ Bamဆိုတဲ့ လူကိုမသိတာ.....
ဒီပွဲမှာတော့ သေချာပေါက်တွေ့ရမှာပဲ...ဟွန့်*

Ring!

yunna- ဟယ်လို အမ...ကျမတို့ရောက်နေပီ  ဓာတ်လှေကားရှေ့မှာ...ဟုတ်ကဲ့ ခနနေတွေ့ကြမယ်နော်...လာသွားကြမယ် သမီး

hanna- ဟုတ်ကဲ့

....

sohee- လာကြ သမီးတို့

hanna- ဟုတ်ကဲ့

"ပွဲထဲရောက်ကတည်းက hannaတယောက် Bamဆိုတဲ့လူကိုရှာနေမိသည်...
သူမမြင်ဘူးပါ...ဒါပေမယ့် မနေ့ကပို့တဲ့ အင်္ကျီနဲ့အတူပါလာတဲ့ ရေမွှေးပုလင်း...
အနံ့ပြင်းလွန်းတဲ့ယောင်္ကျားလေးသုံးရေမွှေးရနံ့...
သေချာပေါက် ထိုလူဟာ အဲ့ဒီရေမွှေးကို ဆွတ်လာမှာ အသေအချာပဲ....hannaမသိတာက
သူရှာနေတဲ့ Bamဆိုတဲ့ လူဟာသူရဲ့ နောက်နားမှာ သူ့ကို ကြည့်နေခဲ့တယ်ဆိုတာ....
ထိုအချိန်ခနမှာပဲ သူ့ဘေးက ဖြတ်လျှောက်သွားတဲ့ ရေမွှေးနံ့ကြောင့် hannaလိုက်ရှာမိပေမယ့် မတွေ့...."

......

"Kim အိမ်"

jungwon- ထမင်းစားလို့ရပါပီ အဖေ...ဒီမှာပါခဗျာ

Mr.kim- yunnaဘယ်ရောက်နေလဲ? အတူလာမစားဘူးလား?

jungwon- အမေလား? အမေက ဒီနေ့ ပါတီသွားတယ်လေ

Mr.kim- hannaရော

jungwon- အမhannaလည်း အမေနဲ့အတူ လိုက်သွားတယ်လေ

Mr.kim- sunooလေးကော လိုက်သွားတာလား?

jungwon- sunooကလိုက်မသွားဘူး jisuuကဖျားနေတော့ သူအခု စင်ဒရဲလားလေး ဖစ်နေတယ် ဟီးးး....
အပေါ်ထပ်မှာ ပိတ်မိနေတယ်လေ...
အမေနဲ့အမက အပျော်ပါတီသွားကြတော့ တခန်းလုံးကိုဖွထားခဲ့ကြတာ...
သူက အခု အမေတို့ဖွထားသမျှကိုရှင်းနေရတာ အဖေရေ့...

Heart Of StoneWhere stories live. Discover now