13

1.4K 188 0
                                    


ဝမ်မင်ယီ အကြောင်းပြန်လိုက်သည် : အင်း ... မင်းရော စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီလား ... တကယ်လို့ မထိုးရသေးဘူးဆိုရင်တော့ မထိုးပဲ ခဏစောင့်နေဦး ... ယန်က အားလုံးကိုအဖွဲ့တစ်ခုထဲမှာ ပွဲဦးထွက်ခိုင်းလောက်တယ် ... မင်းသိတဲ့အတိုင်း ကျန့်ဖုန်းတို့အဖွဲ့က လူအများကြီးပဲ  လက်မှတ်ထိုးလိုက်ပြီဆို ပြဿနာ ...

စုန့်ဟယ် : ဒါပေမဲ့ ငါလက်မှတ်ထိုးလိုက်ပြီ

ဝမ်မင်ယီ : ......

ဝမ်မင်ယီ သူ့ကိုနှစ်သိမ့်လိုက်သည် : အဆင်ပြေပါတယ် မင်းက စိတ်ကောင်းရှိပါတယ် ကျန့်ဖုန်းတို့ မင်းကိုပစ်မှတ်မထားလောက်ပါဘူး ...

အမှန်တိုင်းပြောရလျှင် အရင်ဘဝက ခေါင်းသုံးလုံးငရဲခွေး ကျန့်ဖုန်းက သူ့အတွက် ပြဿနာမဟုတ်ခဲ့ပေ။ သို့သော် စုန့်ဟယ်က စိတ်ကောင်းရှိလွန်းသည်။ ကျန့်ဖုန်းက သူ့ကို မကြာခဏအကောက်ကြံခဲ့သော်လည်း စုန့်ဟယ်က စိတ်ထဲမထားပေ။ ထို့ကြောင့် စုန့်ဟယ်ကို ငြီးငွေ့သွားပြီး ပြဿနာမရှာတော့ပေ။

စုန့်ဟယ် ခေါင်းငြိမ့်ပြီး ဝမ်မင်ယီကို ပြန်ဖြေလိုက်သည် : ငါတို့အဖွဲ့တစ်ခုလုပ်မယ်ဆိုတာတော့ ငါသိတယ် ... လွန်ခဲ့တဲ့ရက်ပိုင်းက စာချုပ်မှာ လက်မှတ်ထိုးတော့ ယန်က ပြောခဲ့တယ်တော့ ငါသဘောတူလိုက်တယ် ... ယခုဈေးကွက်မှာ ကြယ်ပွင့်တွေ အများကြီးရှိပေမယ့် activitiesတွေကနေ အမှန်တကယ် ငွေရှာနိုင်တဲ့သူက သိပ်များများမရှိဘူး ... စာချုပ်ချုပ်ပြီး ပွဲဦးထွက်လိုက်တာက ပိုကောင်းပါတယ် ... ငါက ဒီပြိုင်ပွဲကို ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး မိသားစုအတွက် ငွေရှာဖို့ လာခဲ့တာလေ ... ခုတော့ အရမ်းကံကောင်းသလို ခံစားရတယ် ...

သူထိုသို့ပြောသည်ကို မြင်ဟည့်အခါ ဝမ်မင်ယီက ယခင်ဘဝမှ အဖြစ်အပျက်များကို ပြန်တွေးမိသွားပြီး ပြောလိုက်သည် : မပူပါနဲ့ ဒီအဖွဲ့က စိတ်ရှုပ်စရာမကောင်းပါဘူး ... မင်း ငွေအများကြီး ရှာနိုင်လိမ့်မယ် ...

သူတို့အဖွဲ့ နာမည်ကြီးလာရသည့်အကြောင်းအရင်းမှာ စုန့်ဟယ်ကြောင့်ဖြစ်သည်။ သူ၏ပရိသတ်များက ကျန်လေးယောက်၏ ပရိသတ်စုစုပေါင်းခန့်ရှိသည်။ ထို့ကြောင့် ဒုတိယနေရာတွင် အမြဲရှိနေသူ ကျန့်ဖုန်းက မပျော်မရွှင်ဖြစ်ကာ အရာရာတိုင်းကို စုန့်ဟယ်နှင့် နှိုင်းယှဉ်တော့သည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now