Chapter 109
မိသားစုတစ်ခုကပျော်ရွှင်နေပြီး တစ်ခုက ဝမ်းနည်းနေသည်။ ဝမ်မင်ယီက ခွေးနှင့်ကြောင်အဖြစ် မပြောင်းလဲတော့သည့်အတွက် ဇာတ်လမ်းတစ်ခုလုံး မူလလမ်းကြောင်းပေါ်မှ လုံးဝသွေဖယ်သွားခဲ့သည်။ ဝမ်မင်ယီ အလွန်ပျော်ရွှင်နေသည့်အတွက် ပျော်ပွဲရွှင်ပွဲပင်ပြုလုပ်ချင်နေသည်။ သို့သော် တစ်ဖက်က ကျန်းဇီမော့က မပျော်ရွှင်နိုင်ပေ။ သူ့ရှေ့မှ ဝမ်ပေါ်ကိုသာကြည့်ပြီး သူ့ဘဝကြီးတစ်ခုလုံး မည်သည့်အချိန် အဆုံးသတ်သွားမည်မသိဖြစ်နေသည်။
ဝမ်ပေါ်ကို သုံးရက်တာစောင့်ရှောက်ပေးပြီးနောက် ဝမ်စုက အလုပ်ပြန်တက်ရသဖြင့် ကျန်းဇီမော့ကိုစောင့်ကြည့်ရန် သက်တော်စောင့်များသာ ချန်ထားခဲ့သည်။ သက်တော်စောင့်များနှင့် ကျန်းဇီမော့က ထမင်းလည်းတူတူစား၍ တူတူနေရခြင်းဖြစ်ပြီး ဝမ်ပေါ်ကိုနေ့တိုင်း ပြုစုပေးနေသည်ကို စောင့်ကြည့်နေရသည်။ ကျန်းဇီမော့က ဂရုမစိုက်ပဲနေပါက သူ့ကိုပညာပေးပြီး ထမင်းမစားခိုင်းကြပေ။
ကျန်းဇီမော့က သူ့တို့နှင့်ယှဉ်ပြိုင်ပြီး မထိုးကြိတ်နိုင်သည့်အတွက် ဝမ်ပေါ်ကိုသာ ဂရုတစိုက်ပြုစုနေရသည်။
ဖုန်းမရှိ ၊ အားလပ်ချိန်မရှိ ၊ လွတ်လပ်ခွင့်မရှိပဲ ဝမ်ပေါ်ကိုသာ စောင့်ရှောက်နေရပြီး သူ့ခန္ဓာကိုယ်ကိုသာ သန့်စင်ပေးနေရသည်။
ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသည့် ဝမ်ပေါ်ကိုကြည့်ပြီး နေ့ရက်တိုင်း ဝမ်ပေါ်နိုးလာစေရန်သာ မျှော်လင့်နေရသည်။ အကယ်၍ ဝမ်ပေါ်နိုးလာပါက သူဤသို့ တောင့်ခံနေရန် မလိုအပ်တော့ပေ။ ဝမ်ပေါ်က သူ့ကိုခွင့်လွှတ်ပေးမည်သာဖြစ်ပြီး အပြစ်တင်လိမ့်မည်မဟုတ်ပေ။ သို့သော် ဝမ်ပေါ်က နိုးမလာခဲ့ပေ။
ကျန်းဇီမော့ စိတ်ဓာတ်ကျလာသည်။ ထိုသို့နေထိုင်ရခြင်းက မည်သို့သောအဓိပ္ပါယ်ဖြစ်သည်ကိုပင် သူမသိတော့ပေ။
ညကိုးနာရီတွင် ဝမ်စုက ဆေးရုံကို အချိန်မှန်ရောက်လာသည်။ ထိုအချိန်မှသာ တစ်နေ့တာကုန်ဆုံးသွားပြီး ကျန်းဇီမော့ အနားယူနိုင်သည်။ သူနှင့် သူ့ကိုစောင့်ကြပ်နေသူက ဘေးကပ်လျက်မှ နားနေခန်းထတွင် လှဲလျောင်း အနားယူနိုင်သည်။
YOU ARE READING
ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )
AdventureDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...