Part-15🎤

187 15 2
                                        

ချစ်ရသူနဲ့သာအတူရှိနေမယ်ဆိုရင်တစ်လောကလုံးဟာအင်မတန်လှပါနေသယောင်။

လူတိုင်းကိုသည်းထိတ်ရင်ဖိုဖြစ်စေသည့်ကစားကွင်းကသရဲအိမ်ဟာလည်းချစ်ရသူနဲ့သာသွားရင်ပန်းကမ္ဘာသဖွယ်။

ချစ်စိတ်တစ်ရိပ်ရိပ်တိုးလာလေလေအချိန်တွေဟာမြန်ဆန်လာသဖွယ်။

တစ်ရက် မှာ24နာရီရှိတယ်ဆိုပေမဲ့ချစ်ရသူနဲ့သာရှိနေရင်24နာရီဟာ24မိနစ်သဖွယ်မြန်ဆန်လွန်းသည်။

္အချိန်တွေတစ်ရွေ့ရွေ့ပြောင်းလဲလာတာjiminတို့တက္ကသိုလ်နောက်ဆုံးနှစ်သို့ပင်ရောက်လာခဲ့သည်။

စာမေးပွဲနီးလာလေလေjiminတို့တွေစာထဲကနေခေါင်းမဖော်နိုင်လောက်အောင်ပင်နစ်မွန်းနေကြသည်။projectတွေနဲ့နေ့ညတွေမှားသည်အထိရှုပ်နေကြသည်။

yoongiတို့တွေလည်းconcertတွေ
interviewတွေရိုက်ကူးရေးတွေနဲ့အမျိုးမျိုးအလုပ်ရှုပ်နေကြသည်။

တစ်ပတ်နှစ်ခါလောက်သာဖုန်းအဆက်သွယ်လုပ်ဖြစ်ကြသည်။

~~~~~~~~~

1လကြာပြီးနောက်

အခုဆိုနည်းပညာတက္ကသိုလ်အင်ဂျင်နီယာဌာနကနောက်ဆုံးနှစ်စာမေးမယ်ပြီးဆုံးသွားပြီဖြစ်သည်။

ကျောင်းသားတွေလည်းကိုယ်စီအိမ်ပြန်ကုန်ကြပြီ
jiminနဲ့taeလည်းဒယ်ဂူပြန်ရတော့မည်။ဂျူဟိုလည်းဘူဆန်ပြန်ရတော့မည်။

4နှစ်ဆိုတဲ့အချိန်ဟာမနေ့တစ်နေ့ကလိုပင်မြန်ဆန်လွန်းသည်။

jiminနဲ့taeကတော့မိဘတွေကိုခွင့်တောင်းပြီး
ဘူဆန်ကဂျူဟိုအိမ်လိုက်လည်ကြမည်ဖြစ်သည်။

yoongiတို့အဖွဲ့လည်းနွေရာသီပိတ်ရက်ရှည်ရထားတာကြောင့်ဘူဆန်ကjungkookအိမ်သို့တစ်ဖွဲ့လုံးရောက်နေကြသည်။

စိတ်ပင်ပန်းမှုတွေကိုဘူဆန်ကမ်းခြေမှာအပန်းဖြေရင်းgroup dateလုပ်ကြမည်ဖြစ်သည်။

တွေ့ရတော့မှာမို့ပျော်ကြပေမဲ့အချိန်အတိုင်းတာတစ်ခုထိ​ေ၀းကြအုန်းမှာမို့စိတ်မကောင်းကြပေ။

taeနဲ့jiminကဘွဲ့ယူပြီးရင်ကုမ္မဏီတစ်ခုမှာအလုပ်၀င်ရန်ဆုံးဖြတ်ထားပေမဲ့မိဘတွေကကောင်းမွန်တဲ့အင်ဂျင်နီယာတွေဖြစ်စေရန်USပို့ပြီးကျောင်းဆက်တက်ခိုင်းကြမည်ဖြစ်သည်။
သေချာပေါက်ထိုအစီစဥ္ တွင်ဂျူဟိုလည်းပါသည်။

Idol x fanWhere stories live. Discover now