ဒီနေ့တော့သုံးယောက်သားအရမ်းစိတ်လှုပ်ရှားနေကြသည်။အကွဲကွဲအပျက်ပျက်တွေဖြစ်ပြီးပထမဆုံးပြန်တွေ့ကြမဲ့အချိန်ဟာချစ်ရသူတွေမအားတဲ့အချိန်မို့သူတို့ကသွားတွေ့ကြရမည်။
(p-18မှာtaeဖုန်းပြောခဲ့တဲ့သူကjkပါနော်
😅)
ဘာကြောင့်မအားလည်းဆိုတော့ကိုတော်ချောတွေကconcertရှိနေတာကြောင့်ပါဟိုးအရင်တုန်းကလက် မှတ်တစ်စောင်ရမို့အသည်းသန်လု၀ယ်ရပေမဲ့အခုတော့လက် မှတ်ဟာသာသာယာယာအိမ်မှာထိုင်နေရင်းသူ့ဘသာရောက်လာခဲ့သည်။
လက် မှတ်ကအရှေ့ဆုံးစတိတ်စင်နဲ့အနီးကပ်ဆုံးနေရာမို့လူမတိုးရအောင်စောစောထွက်သွားကြသည်။
ပျော်ပျော်ပါးပါးကခုန်နေရင်းသီချင်းတစ်ပုဒ္ပြီးတစ်ပုဒ်ပြီးသွားမှန်းတောင်မသိလိုက်ရ
solo songဖျော်ဖြေရန်တစ်ဖန်စင်ပေါ်တက်လာသည့်yoongi...ရေအနည်းငယ်သောက်ပြီး
Yg-အရင်ဆုံးသီချင်းမဆိုခင်စကားနည်းနည်းပြောချင်ပါတယ်အားလုံးကိုလူတစ်ယောက်နဲ့မိတ်ဆက်ပေးပါမယ်
၀ိုး၀ိုး၀ါး၀ါးအသံတွေဟာဆူညံလျက်
yg-လွန်ခဲ့တဲ့3နှစ်ကျော်ကကျွန်တော့်အကြောင်းတွေပြန့်ခဲ့တာအားလုံးသိကြမှာပါ၊တကယ်တော့ကျွန်တော်လိမ်ခဲ့တာပါ၊ကျွန်တော့်မှာချစ်ရတဲ့မိန်းကလေးမရှိပါဘူး၊ကျွန်တော်နဲ့ပုံတက်ခဲ့တဲ့ကောင်လေးPark Jiminဆိုတဲ့ကောင်လေးကကျွန်တော့်ချစ်သူပါ
concertတစ်ခုလုံးအပ်ကျသံပင်ကြားရလောက်သည်အထိတိတ်စိတ်ငြိမ်သက်ကုန်သည်။
yg-ဒါပေမဲ့ယောရော်ဘွန်းတို့သိလားငါသူ့ကိုချစ်ပေမဲ့ငါကသူ့ကိုနာကျင်စေခဲ့တယ်၊ယောရော်ဘွန်းတို့လက် မခံနိုင်တဲ့ချစ်ချင်းကိုငါနာကျင်စွာရပ်
တန့်ခဲ့တယ်၊ဟက်..ရယ်ရတယ်ငါဘဲနာကျင်တယ်ထင်ခဲ့တာအဲ့ကောင်လေးကအသက်ဘေးပါရင်ဆိုင်ခဲ့ရတယ်ငါ့ကြောင့်..အွန်းဟုတ်တယ်ငါ့ကြောင့်၊သူ့သူငယ်ချင်းကျေးဇူးကြောင့်အချိန်မှီခဲ့တာကျေးဇူးတင်ပါတယ်Kim Taehyung
ရုတ်တရက်နာမည်ပါတပ်ပြီးကျေးဇူးတင်ကြောင်းပြောတော့မီးစလိုက်အဖြူဟာ
taehyungကိုထင်းနေအောင်မီးမှောင်းထိုးပြ
သလိုအနောက်ကProjectorမှာလည်းtaeပုံဟာပေါ်လာခဲ့သည်။
YOU ARE READING
Idol x fan
Fantasi"" ငါဘာကြောင့်တားလည်းမင်းတို့တစ်ချိန်နားလည်လိမ့်မယ် "" Idolနဲ့fanကြားကအမျိုးမျိုးသော်အကြောင်းအရာတွေကိုfanတစ်ယောက်အနေတဲ့ကိုယ်တိုင်၀င်ခံစားလို့ရမည့်ပုံရေးမယ်စဥ္းစားထားပါတယ်ချစ်ပြီးဖတ်ပေးကြပါအုန်းနော်🥰🥰
