ရှောင်လင်းယွီသည် ဖုန်းကိုကောက်ယူလိုက်ပြီး ဖန်သားပြင်ကို မယုံကြည်နိုင်စွာကြည့်လိုက်မိသည်။
'ဒီအချိန်နှင့်ရက်စွဲက'
မနေ့ကရှောင်ထုန်၏သဂြိုလ်သည့်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်ဖြစ်သည်။ သို့သော် ဖန်သားပြင်ပေါ်တွင်ပြသသည့်အချိန်သည် ဇူလိုင်လ ၉ရက် ၂၀၁၂ ခုနှစ်ဖြစ်သည်။'ဇူလိုင် ၉၊ ၂၀၁၂' သူ့ဖုန်း ပျက်သွားတာများလား'ရှောင်လင်းယွီ သည် ဖုန်းကို log in ဝင်လိုက်ပြီး အခြားအရာတစ်ခုလည်း မမှန်ကြောင်း သူမသိလိုက်သည်။ဒါက သူ့ဖုန်းမဟုတ်... အနည်းဆုံးတော့အခုမဟုတ်တော့ဘူး ဒီဖုန်းက သူမ အလုပ်စဝင်တုန်းကဝယ်ခဲ့တဲ့ဖုန်းပါ။ သူမမှာပိုက်ဆံအများကြီးမရှိတာကြောင့် ဖုန်းပြောဖို့အတွက်ဈေးသက်သာတဲ့တစ်ပတ်ရစ်ဖုန်းတစ်လုံးကို ဝယ်ခဲ့ပါတယ်။
သူ့မှာပိုက်ဆံအလုံအလောက်ရှိပြီးနောက်မှာအတိတ်ကိုလွမ်းဆွတ်နေပြီး ဖုန်းကလည်းဘယ်တော့မှမပျက်စီးသည့် အတွက်ထိုဖုန်းကိုပဲဆက်သုံးခဲ့သည်။သို့သော်လွန်ခဲ့သောသုံးနှစ်က သူမဖုန်းကျိုးပဲ့သွားသည့်အတွက်ထိုဖုန်းကိုသိမ်းထားလိုက်ပြီး ခေတ်ပေါ် စမတ်ဖုန်းကိုပြောင်းကိုင်ခဲ့သည်။ သူမဖုန်းအဟောင်းကိုကိုင်ထားရင်း အချိန်တွေနောက်ပြန်ရောက် သွားသလိုခံစားလိုက်ရသည်။
ရှောင်လင်းယွီသည် အိပ်မက်မှနိုးထစေရန် မျက်နှာကိုအကြိမ်အနည်းငယ်ခန့်ရိုက်လိုက်သည်။နာကျင်မှုကအစစ်အမှန် ဖြစ်ပြီး ဖုန်းကလည်းအစစ်ပင်။ ဒါကပင်ရှောင်လင်းယွီကို ပို၍မိန်းမောသွားစေသည် ။ ဘာဖြစ်နေမှန်း သူမမသိခဲ့ပါ။လွန်ခဲ့သည့်အခိုက်အတန့်က သူ့ကလေး၏နာရေးကြောင့် ငိုနေမိသေးသည်။ နောက်အခိုက်အတန့်တွင်သူမသည် ဇိမ်ခံအခန်းတစ်ခုတွင် ရှိနေသည်။
ရှောင်လင်းယွီသည် အထိတ်တလန့်ဖြင့် အခန်းထဲကိုတစ်ချက်ကြည့်လိုက်သည်။အခန်းကကျယ်ပြီး စတိုင်ကျတယ်။ အလွန်အဆင့်မြင့်ပုံရသည်။ကြီးမားပြီး ပျော့ပျောင်းသော အိပ်ရာတစ်ခုရှိခဲ့သည်။ လှပသော လိုက်ကာများကို ပြတင်းပေါက်တွင်ပါးလှပ်သောအလွှာအနေဖြင့်ကာရံထားသည်။ ရွှေရောင်စားပွဲနှင့် ကုလားထိုင်များသည် တောက်ပြောင်နေသည်။ အပြင်အဆင်ကရဲရင့်ပြီး ခမ်းနားလှသည်။ ဇိမ်ကျကျနဲ့ သက်တောင့်သက်သာရှိနေခဲ့သည်။သူမသည် ဤအခန်းနှင့် အလွန်ရင်းနှီးပုံရသည်။ အရင်က ဒီနေရာကိုရောက်ဖူးသလိုရှိပေမယ့် ဘယ်အချိန်တုန်းကမှန်း မမှတ်မိဘူး။