𝐺𝑦𝑢𝐽𝑖𝑛8

826 123 1
                                    

Unicode....

"ဘယ်သွားမလို့လဲ"

သူ့အားအတင်းအဝတ်စားလဲခိုင်းသည့်ကိုကိုကြောင့် ပေတေနေ‌ေနသည့်သူ့အားအဝတ်စားကိုယ်တိုင်လဲပေးရမလားဆိုသည့်စကားနဲ့အတူ သူ့ခါးစက အင်္ကျီစအားလှမ်းဆွဲလာသည့်ကိုကိုကြောင့် သူ့အမြန်ပင် ကိုယ်တိုင်လဲမည့်အဝတ်စားကိုယူကာ ရေချိုးခန်းထဲ ပြေးရသေးသည်၊

အဝတ်စားလဲ၍ပြန်ထွက်လာတော့လဲ သူ့ကိုဘာမှမပြောပဲ ကားပေါ်ဆွဲခေါ်လာသည့်ကိုကိုကြောင့် ယူဂျင်းမေးလိုက်ရခြင်းသာ။

"ကိုကိုဘယ်သွားမလို့လဲလို့!"

အသံအနည်းငယ်ကျယ်သွားသည်ထင် လမ်းပေါ်ပြေးလျှားနေသည့် ကားက တိခနဲ့ရပ်သွားသလိုကားမောင်းနေသည့်ကိုကိုဟာလဲ ပတ်ထားသည့်ခါးပတ်အားချွတ်၍ သူ့အားလှည့်ကြည့်လာကာ။

"အချစ်ကမ္ဘာဆီ လိုက်ရဲလား"

ကလေးငယ်မျက်နှာ‌နား နီးကပ်စေရန်ကပ်၍ ပြောလိုက်သည့်သူ့စကားကို နှာခေါင်းလေးရှုံ့၍မျက်စောင်းကအစစ်ပါကာ။

"မျက်နှာများတဲ့ လူနဲ့မလိုက်ရဲပါဘူး"

"ဟော ကိုယ်ကဘယ်မှာမျက်နှာများလို့လဲ တစ်ယောက်တည်းဆို တစ်ယောက်တည်းကိုပဲ ကမ္ဘာတည်မယ့်ကောင်ပါနော်"

တစ်ဖြေးဖြေးသူ့မျက်နှာအား ထိကပ်တော့မည့် ကိုကိုကြောင့် လက်ဖြင့် ကိုကိုရင်ဘတ်ကိုအနည်းငယ်တွန်းကာ။

"ဘယ်လိုဖြစ်နေတာလဲ ကားပေါ်မှာနော်"

"ကားပေါ်မှာဘာဖြစ်မှာလဲ ကိုကဘာလုပ်မယ်လို့က‌ေလးကထင်လို့လဲ"

"ဘာ~~ဘာလုပ်မယ်လို့ထင်ရမှာလဲ စကားပြောတာကိုကအနှောင့်အသွားမလွတ်ဘူး"

"ဟော‌ဗျာ"

နားရွက်လေး‌ေတွနီးမြန်းလာသည့် ကလေးငယ်ကြောင့်ရှက်နေမှန်းသူသိ‌ပါသည် တစ်ဆက်တည်းမှာပဲသူပြုံးမိပါ၏။

ဒီကလေးကတော့ သူ့ဘာသာမဟုတ်တာတွေလျှောက်တွေ‌းနေတာပဲ....

"ဒါကဘယ်နေရာကြီးလဲ"

"ကဲကားပေါ်ကဆင်း ကိုကိုသူငယ်ချင်းနဲ့ချိန်းထားလို့"

ခါးပတ်ဖြုတ်နေရင်း ကိုကိုကပြောပြီးသည်နှင့် ဆင်းသွားပေမယ့် သူ့ကတော့ကားတံခါးအားမဖွင့်ရသေးသလို ပတ်ထားသည့်ခါးပတ်ကိုလည်းမဖြုတ်ရသေးပါ သို‌့သော်ငြား ပါးစပ်ကတော့။

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now