3ကျေးငှက်သာရကာလေးတွေက တကျာကျာတကျီကျီမြည်သံပေးပြီး ကျက်သရေရှိစွာဖွင့်လှစ်ပေးပါသော သာယာလှပသောနံနက်ခင်းလေးတစ်ခုသည် အရှေ့အရပ်မှထွက်ပြူ စပြုလာသော သူရိန်နေမင်း၏အလင်းဓာတ်တချို့ကိုရကာမှ ပိုလို့ပြည့်စုံသွားသယောင်။
Wang အိမ်တော်ကြီး၏အပေါ်ထပ်အခန်းလေးတစ်ခုတွင်တော့ နှစ်ခြိုက်စွာအိပ်မောကျလျက်ရှိသောလူသားနှစ်ယောက်ကလည်းရှိနေသေးသည်။
အနှီလူသားနှစ်ယောက်သည် အနီရင့်ရောင်ဂွမ်းစောင်ထူထူကြီး၏လွှမ်းခြုံမှုအောက်တွင် တစ်သားတည်းရှိနေကြပြီး
ခပ်တောင့်တောင့်လူသား၏ လက်မောင်းတစ်ဖက်တချက်ကိုခေါင်းအုံးအိပ်ကာနေသော လူကောင်သေးသေးလူသားလေး၏ နှုတ်ခမ်းပါးသေးသေးလေးသည် တဖက်ဖိအိပ်ထားခြင်းကြောင့် ပါးလေးကပိကျနေတာမို့ နှုတ်ခမ်းလေးကတဖက်ခြမ်းမျှသာ ဆူ၍ထော်ထွက်နေလေသည်။ခေတ္တခဏမျှသာကြာသောအချိန်၌ဝယ် အိပ်စက်ရာခုတင်ထက်မှလှုပ်ရှားလာသော အနှီလူသားသည် ရင်ခွင်ထဲမှယုန်ဗိုက်ပူလေးကို ချစ်မြတ်နိုးမဝစွာ တစိုက်မတ်မတ်ကြည့်နေရင်းက မျက်ဝန်းအစုံသည် အောက်ဘက်နားသို့ရွေ့လျားမိလေတော့ မြင်လိုက်ရသည်က!!!
ဆူထော်ထွက်နေသောနှုတ်ခမ်းသားပါးပါးလေးက ရဲစိုနေပြီး အပင်ကသီးကာစ စတော်ဘယ်ရီလေးကဲ့သို့ဖြစ်နေ၏။
သီးကာစ စတော်ဘယ်ရီသေးသေးလေးက ဤယုန်ပေါက်၏နှုတ်ခမ်းသားရဲစိုစိုလေးလို ချိုမြိန်နေပါ့မလား? သေချာသလောက်ရှိတဲ့အဖြေက impossible သာပင်။
လောကသုံးပါးမှာရှိတဲ့ ဘယ်လိုအရာမျိုးကမှ ရှောင်းကျန့်ဆိုသောယုန်ဖြူလေးလိုမဖြစ်တည်နိုင်၊မတည်ရှိနိုင်ချေ။
အရာရာထက်ဖြူစင်လွန်းသော၊ အားလုံးသောလူသားတွေထက်အနှိုင်းမဲ့သော၊ အဆုံးစွန်ဆုံးသောအချစ်တွေရဲ့ အစ၊ အလယ်၊ အဆုံးသည် ရှောင်းကျန့်ဆိုသောကောင်လေးကြောင့်သာ ဖြစ်တည်လာခြင်းဖြစ်သည်။
အပူအပင်ကင်းကင်း ချစ်စဖွယ်ဟန်ပန်အမူအရာအပြည့်နဲ့ နှစ်ခြိုက်စွာအိပ်မောကျနေတာလေးကပင် ရိပေါ်နှလုံးသားကို တဖျိုးဖျိုးတဖျစ်ဖျစ်နေအောင် ခုန်လှုပ်နေစေသည်။ ရှိပြီးသားအချစ်တွေသည် စက္ကန့်မလပ်၊ မိနစ်မခြား၊ ရာသီတိုင်း၌ ပို၍ပိုလို့တိုးပွားနေစေမြဲ။
![](https://img.wattpad.com/cover/344504558-288-k85311.jpg)