•Everything•

400 28 0
                                    

"ကိုကိုဟွန်းရေ ကိုကိုဟွန်း ကိုကိုဟွန်း"

မိုးလင်းကထဲကညမိုးချုပ်အထိ တစ်ဝန်းလုံး ဆောနူရဲ့အသံချည်းပါပဲဆိုပြီး ဆောင်းဟွန်းပြုံးပြုံးကြီးတွေးလိုက်ပြီး

"ဗျာ ဗျာ ကိုကိုဟွန်းက ဒီမှာ" ဆိုတဲ့ဆောင်းဟွန်းအသံလဲကြားရော ဆောင်းဟွန်းရှိတဲ့နေရာကို ဆောနူအပြေးသွားတော့တာပဲ

"လဲအုံးမယ် ဖြေးဖြေးလာလေ" ဆိုပြီးဆောင်းဟွန်းကပြောလိုက်ရသေးတယ်။

"ကိုကိုဟွန်း"

"ကဲ ကိုကိုဟွန်းလို့ခေါ်ပြီး ဘာပူဆာ ဘာပြောမလို့လဲပြောလေ ဆောနူလေး"
ဆောနူကဆောင်းဟွန်းကိုဆိုအမြဲချွဲတာ သူ့ဖေဖေ မေမေကိုချွဲတာထက်တောင်ပိုပါသေးတယ်။

အောက်နှုတ်ခမ်းလေးထဲအထက်နှုတ်ခမ်းလေးထည့်ပြီးဆူပုတ်ပုတ်လေးနဲ့  "ဒိီလိုလေကိုကိုဟွန်းရာ" ဆိုပြီးပြောလိုက်တော့ ဆောင်းဟွန်းသိပါပြီအိမ်ကနေဘာမလိုမကျလာပြီး သူ့ကိုတစ်ခုခုအပူကပ်တော့မယ်ဆိုတာ
ဆောနူဆက်ပြောမှာကို ဆောင်းဟွန်းစောင့်နေရင်းအသဲတွေယားလာပြီး ပါးလေးကိုဆွဲဖဲ့လိုက်မှ ဆောနူနှုတ်ခမ်းလေးဆူရင်းနဲ့ပဲဆက်ပြောတယ်။

"ဆောနူကလေ ရေခဲမုန့်သွားစားရအောင်ပြောတာကို မေမေကမအားသေးဘူး ညစာစားပြီးပြီ မိုးလဲချုပ်နေပြီမစားနဲ့တော့ဆိုပြီး ဆောနူကို အော်တာ"

ဆောင်းဟွန်းသိပါတယ် သူ့ကိုတစ်ဖက်တစ်လမ်းနဲ့ ရေခဲမုန့်ဝယ်ကျွေးအောင်ပြောတာဖြစ်တာ သူသိတာပေါ့

"ကဲ ဟုတ်ပါ့ဆောနူလေးကစားချင်တာကို မေမေကဆူလိုက်တော့ဝမ်းနည်းသွားမှာပေါ့ လာကိုကိုကလိုက်ဝယ်ကျွေး" ဆိုကာရှိသေး

"Yayyyyyyyy ရေထဲမုန့်စားရတော့မယ်"ဆိုပြီးအော်တော့တာပဲ

အိမ်ထဲကနေကြည့်နေတဲ့ ဆောနူမေမေ ကတော့ အပြုံးချိုချိုလေးပြုံးပြီး ဆောင်းဟွန်းကိုခေါင်းလေးယမ်းပြနေတော့ ဆောင်းဟွန်းကလဲ မျက်လုံးလေးမှတ်ပြပြီး သူလဲမနိုင်ဘူးဆိုတဲ့သဘောပြကိုပြလိုက်တယ်။

နှစ်ယောက်သား အိမ်အပြင်အထွက်မှာ
ဆောနူလ်သူငယ်ချင်းဖြစ်သူ ဂျောင်ဝန်းကစက်ဘီးနဲ့စောင့်နေသည်ကိုတွေ့တော့ ဆောနူကိုဆောင်းဟွန်းကြည့်လိုက်တော့
"ဆောနူနဲ့ကိုကိုဟွန်းတင်ဆို ပျင်းစရာကြီးမို့ ဂျောင်ဝန်းကိုပါခေါ်လိုက်တာ"

Everything Where stories live. Discover now