•June 24•
ဒီနေ့က ဆောင်းဟွန်းရဲ့သဲသဲလှုပ်ချစ်ရတဲ့ဆောနူမွေးနေ့လေးပေါ့
ကြားထဲချစ်သူဖြစ်ပြီးတဲ့အချိန်ကစ တစ်ယောက်က်ုတစ်ယောက်ပိုနားလည်လာကြသလို စိတ်ကောက်လိုက်ကြပြန်ချစ်လိုက်ကြရောပေါ့ တစ်ရက်တောင်မကျော်ပါဘူး ပြန်အဆင်ပြေသွားကြတာ တွေ နှစ်ယောက်တူတူလျှောက်လည်ကြတဲ့နေရာတွေရေမတွက်နိုင်အောင်ပဲ ဆောင်းဟွန်းဘယ်လောက်ပဲအလုပ်များနေပါစေဆောနူကိုအချိန်ပေးဖို့မမေ့ ဆောနူမှာလဲထိုနည်းတူပင်ထိုအကြောင်းတွေကိုပြန်တွေးပြီးပြုံးစိစိနဲ့ဆောင်းဟွန်းတစ်ယောက်အိမ်အပေါ်ထပ်ကိုသူ့ဘေဘီကိုနိုးဖို့သွားနေခြင်း အိပ်ပုတ်လေးကတော့ သူ့မွေးနေ့မှာတောင်စောစောမထပါ။
တံခါးကိုအသာလေးဖွင့်ပြီးဝင်လိုက်တော့ အိပ်ယာပေါ်မှာဆောနူရှိမနေပါ ဒီကလေးဘယ်သွားနေပါလိမ့်လို့တွေးနေတုံး နောက်ကနေခါးကိုဖက်လိုက်တော့လက်တစ်စုံ သူသိပါတယ် နှစ်ယောက်မရှိတဲ့သူ့ချစ်ဆုံး ထိုလက်လေးအားအပေါ်ကထပ်ကိုင်ပြီးနောက်က်ိုလှည့်ပြီး
"Happy Birthday ဘေဘီ ကိုကို့ဘေဘီလေးကနိုးနေတာဆင်းမလာပဲကိုကိုလာနိုးတာကိုစောင့်နေတယ်ပေါ့လေ"
နဖူးလေးကိုတစ်ချက်နမ်းပြီးပြောလိုက်တော့ မျက်လုံးလေးတွေမှိတ်ကျအောင်ထိပြုံးပြီးရီပြနေတာ သုံးနှစ်သားလေးလိုပင်"12တုံးကထပြီးပြောပြီးပြီကို ကိုကိုကတော့လေကျေးဇူးပါဗျာ အစကတော့နောက်ကနေခြောက်မလို့စောင့်နေတာပဲ လန့်သွားရင်လဲသနားနေရမှာမို့ ဟဲဟဲ"
"ဟားဟား ဘေဘီရာချစ်လိုက်တာ အသက်20ပြည့်မှာရောဟုတ်ရဲ့လား ကိုယ်မျက်လုံးထဲတော့ကလေးလေးလို့ပဲမြင်နေသေးတာကွာ"
"ကလေးလေးတော့ကလေးလေး ဒါပေမယ့် ကိုကို့ကလေးလေး"
ပြောပြီးဆောင်းဟွန်းပါးလေးကိုနမ်းပြီးအိမ်အောက်ဆင်းပြေးသွားသည်။
ဒီကလေးကအမြဲလိုပင်စနမ်းတယ်လို့မရှိပေမယ့် တစ်ခါတစ်ခါထိုသို့ပြုမှုပြီးရင်လဲရှက်ပြီးထွက်ပြေးသွားတတ်သည်။ဆောင်းဟွန်းလဲအောက်လိုက်ဆင်းလာလိုက်သည် အောက်ရောက်တော့ဆောနူကအလည်လေးပါ သူ့နားလာကပ်ပြီးနေတော့မယ်ဆိုတာသိလို့ မေမေတို့မွေးနေ့ပွဲအတွက်ပြင်ဆင်နေတာတဲ့နားသွားကူလုပ်နေသလိုပင် အမှန်ကဆောင်းဟွန်းကိုရှောင်နေခြင်း။
မွေးနေ့ပွဲပြီး ည*
"ဘေဘီလာ ကိုကိုနဲ့လိုက်ခဲ့အုံး ကိုကိုပြောစရာရှိတယ်"
ဆောနူတစ်ယောက်ဘာပြန်ပြောချိန်မရလိုက်ပါ ဆောင်းဟွန်းဆွဲခေါ်တဲ့နောက်ပါသွားသည်။
အိမ်နောက်နားကကွင်းပြင်လေးလောက်ရောက်တော့ လျှောက်နေတဲ့ခြေလှမ်းတွေရပ်သွားပြီးဆောနူရှေ့မှာရပ်လိုက်တယ်
"ဘေဘီ..."
"ဟုတ်"
"ကိုကိုဘေဘီ့ကိုအရမ်းချစ်တာသိတယ်မလားဟင်"
.........
"ပြီးတော့.... "
"ကိုယ့်ကိုလက်ထပ်နိုင်မလား"
အနည်းငယ်သာလင်းနေတဲ့ခပ်ဖျော့ဖျော့မီးရောင်လေးတွေကနေ လင်းလာတော့ ချစ်စရာကောင်းတဲ့အပြင်အဆင်နေရာလေးကိုမြင်လိုက်ရတော့ ဆောနူမှာပါးစပ်းအဟောင်းသား
"ဘေဘီ ကိုယ့်ကိုလက်ထပ်မယ်မလားဟင်...."
ဆောင်းဟွန်းစကားမဆုံးခင်မှာပဲ ဆောနူကဆောင်းဟွန်းရင်ခွင်ထဲတို့ဝင်ပြီး ရင်ခွင်ထဲမှာခေါင်းလေးကိုအခါခါငြိမ့်ပြီး
"ဒါပေါ့ ကိုကို့ကိုဘေဘီလက်ထပ်မှာပေါ့"
ခေါင်းလေးမော့လာတော့မျက်ရည်တွေနဲ့ကလေးငယ်
အသဲယားလာ၍ပွေ့ချီလိုက်တော့ အသာလေးမရုံနဲ့ပါလာတဲ့ကိုယ်ငယ်လေး"ဘေဘီကိုယ်မင်းကိုနမ်းချင်တယ် နမ်းနေရင်းပြန်လွတ်မပေးနိုင်ရင်တောင်ဘေဘီမတားပါနဲ့နော်!"
အွန့်
ဘယ်ချိန်ကအိမ်ထဲပြန်ရောက်သွားမှန်းသူ့တို့ဘာသာတောင်သတိမထားမိတဲ့နောက် အခန်းတံခါးလေးပါပိတ်သွားပြီး ဘယ်လောက်မြတ်နိုးကြောင်းပြောပြရင်းနဲ့ ဆောင်းဟွန်းတစ်ယောက်ဆောနူကိုအနမ်းတွေကလွှတ်မပေးတော့ပါ။
...........
"သိပ်ချစ်တယ်ဘေဘီ ကိုယ့်ရဲ့အရာအားလုံးကမင်းအတွက်ပဲ"
"ဘေဘီရောပဲ သိပ်ချစ်တယ်ကိုကို ဘေဘီ့ရဲ့အရာအားလုံးကကိုကို့အတွက်ပဲ"
•The End•
__________•Happy Sunoo Day🦊💟•
YOU ARE READING
Everything
Romance"သိပ်ချစ်တယ်ဘေဘီ ကိုယ့်ရဲ့အရာအားလုံးကမင်းအတွက်ပဲ" •Sunghoon• "ဘေဘီရောပဲ သိပ်ချစ်တယ်ကိုကို ဘေဘီ့ရဲ့အရာအားလုံးကကိုကို့အတွက်ပဲ" •Sunoo•