Ep2
အစည်းအဝေးခန်းရှေ့သို့ရောက်သောအခါ တံခါးခေါက်သံပြု၍ အခန်းထဲသို့ ဝင်လိုက်ပြီး စားပွဲ၏ထိပ်ဆုံးခုံတွင်ထိုင်နေသူက တောင်ကိုရီးယားနိုင်ငံရဲ့ ကာချုပ် သူ့ဘေးတွင်တော့ သူ၏ Security 2ယောက်နှင့် ဋ္ဌာနမှူး။ ခေါင်းညွတ်နှုတ်ဆက်ပြီးသည်နှင့်Jmက
"ကျနော့ကို ခေါ်တယ်ဆိုလို့ပါ.... ဋ္ဌာနမှူး"
ထိုအခါဋ္ဌာနမှူးဆိုသူက Jmကိုတလှည့် ခုံတွင်ထိုင်နေသော ကာချုပ်ကိုတလှည့်ကြည့်၍
"ဟုတ်တယ် Jimin....မင်းကိုတွေ့ပေးစရာလူရှိတယ်"
ထိုသို့ပြောသောအခါ Jmက ကာချုပ်သို့လှမ်းကြည့်လိုက်သည်။ထိုအခါ ကာချုပ်က
"ငါမဟုတ်ဘူး....မင်းနဲ့တွေ့ပေးမှာက အမေရိကန်အကြမ်းဖက်နှိမ်နင်းရေးခေါင်းဆောင် Mr.Joe ပဲ သူကအခုဖြစ်သွားတဲ့caseမှာ ငါတို့နိုင်ငံကတာဝန်ရှိတယ်လို့ ယူဆနေတယ်...ဒါကြောင့် ရာထူးတူ အတွေ့အကြုံတူတဲ့မင်းနဲ့တွေ့ပေးချင်တာ..... ဒါကိုသူ့ဘက်ကလည်းလက်ခံတယ်....မင်းဘက်ကရော Jimin "
Jm's pov~အဟက်!လူတွေများ ကိုယ်ညံံ့လို့ ကိုယ်ခံရတာကို ဟိုလူ့တာဝန်ယူဒီလူ့တာဝန်ယူနဲ့
Jmကစိတ်ထဲမှာတော့တွေးလိုက်ပြီး အပြင်တွင်တော့
"ကောင်းပါပြီ ကျနော်သူနဲ့တွေ့လိုက်ပါမယ် ကာချုပ်"
Jmရဲ့အဖြေကို ကြားသည်နှင့်ဋ္ဌာနမှူးက အသိအမှတ်ပြုသောသဘောဖြင့် ခေါင်းတချက်ညိတ်၍ တစ်နေရာသို့phခေါ်လိုက်သည်။phပြောပြီးသည့်နောက်Jmအား
"ထိုင်ဦးလေ.... Jimin"
Jmလည်းဋ္ဌာနမှူးပြောတဲ့အတိုင်း သူတို့နဲ့တခုံကျော်မှာ ဝင်ထိုင်နေလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင်......အစည်းအဝေးခန်းတံခါးအားအသံပြု၍ လူတယောက်ဝင်လာသည်။ထိုသူက အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား ကတုံးဆံပင်ပေါက် အသားအရေအညိုဘက်သန်းနေ၍ ကိုရီးယားနိုင်ငံသားတော့မဖြစ်နိုင်.........ဒါဆို Mr.Joeဖြစ်နိုင်တယ်လို့ Jmက ကောက်ချက်ချသည်။
ထိုသူကJmအရှေ့တွင် နေရာယူ၍ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။(Eလိုမရေးတော့ဖူးနော်😁)
YOU ARE READING
~My Enemy ~(Completed)
القصة القصيرة"ငါမင်းကို ရအောင်ဖမ်းပြမှာ Jeon Jungkook" "ကိုယ့်ကိုကိုယ် $ထင်ကြီးလွန်းနေတာပဲ Park Jimin"