Part (1)

86 0 0
                                    

နာရီမှ Alarm မြည်လာသည်နဲ့ ဇွဲပုံမှန်အတိုင်း နိုးထ လာခဲ့သည် မျက်နှာသစ် ရေချိုးပြီး အောက်ထပ်သို့ဆင်းလာသည်နှင့်တပြိုင်နက် အိမ်ရှိအလုပ်သမားများမှ သူစားရန်မနက်စာကိုအဆင့်သင့် ချပေးထားလေသည် ထုံစံအတိုင်း ဇွဲတစ်ယောက်တည်း....
ထိုစဥ် အကောင့်သား နောင်ရဲ ရောက်ချလာပြီး ဟေ့ကောင်မြန်မြန်စား ဒီနေ့ယမုံတို့မနက်ပိုင်းအတန်းချိန်ရှိတယ် စောစောလာ မှာမို့ မင်းကားနဲ့လိုက်မလို့ဟု ထမင်းစားခန်းထဲမရောက်ခင်က ပင် အသံကအရင်ရောက်အောင် ပြောဆိုလာလေသည်
ရဲနောင်ဆိုသည်မှာ ငယ်စဥ်ကပင် ပြောမနာဆိုမနာ သူ၏ငယ်ပေါင်းမို့ သူတို့အိမ်အကြောင်းကိုသိပြီးဖြစ်သည် ဒီအချိန်ဇွဲ မိဘများမရှိသည်ကိုလည်း သူကောင်းကောင်းသိထားသည်မို့  ထိုသို့ပြောဆို၍လာရဲ​ခြင်းပင်
ဇွဲ မိဘများက အလုပ်ကိုယ်စီနှင့်မို့ မနက်အစောပိုင်းတည်းကကိုယ်စီအလုပ်သို့ သွားနှင့်ကြပြီ ဖြစ်သည် ဇွဲအဖို့တော့ မည်သည့်အရာကမှ ထူးခြားမနေ အရာအားလုံးပုံမှန်အတိုင်းသာ လည်ပတ်နေသည့် မနက်ခင်းပင် ဖြစ်လေသည်....
                       
                    **************

တစ်ဖက်တွင်........
မိုးမလင်းခင်ကပင် ကာရံစျေးထဲမှ မိခင်၏ဆိုင်သို့ ဆိုင်ဖွင့်ကူညီရန် ရောက်ရှိနေပြီးဖြစ်သည် အမေတစ်ခုသားတစ်ခုဘဝမို့ သူတက်နိုင်သမျှ ကျောင်းမသွားခင်အထိ လုပ်စရာများကို ကူပေးပြီး အမေပြင်ဆင်ပေးသည့် စျေးထဲမှ ကောက်ညှင်းပေါင်းနှင့် လက်ဖက်ရည်ကို အမြန်စားပြီး Busကားမှီရန်သာ အမြန်ထွက်လာလိုက်သည် ယုံမုံက ကားမှတ်တိုင်တွင် အသင့်ရောက်နေပြီးသား ယမုံဆိုသည်မှာထိုသို့သောကလေးမ သူဘယ်လောက်ပင်အရေးကြီးပါစေ ကာရံ မပါလျှင် ကျောင်းမသွား သူ့အပေါ်ထိုသို့ တွယ်တာလွန်းသော ကလေးမလေးပင် ဖြစ်ပေသည်........

ကမ္ဘာငယ်Where stories live. Discover now