Part(7)

22 0 0
                                    

ကာရံ မိုးရွာထဲတွင် တစ်ယောက်တည်း လမ်းလျောက်လာသည်မှာ အချိန်ဘယ်လောက်ကြာသည်မသိ သူသတိရသည့်အချိန်တွင် သူ့၏ခြံဝိုင်းထဲသို့ပင်ရောက်နေလေပြီ

ကျောင်းများမဖွင်မှီ တစ်လအလို ( လွန်ခဲ့သောတစ်ပတ်)

ကာရံဆိုင်တွင်ထိုင်နေရင်းနှင့်စျေးဝယ်သူလာ၍ ထရပ်လိုက်စဥ် ရုတ်တရတ်မေ့လဲကျသွားလေရာ ကာရံ အမေ ဒေါ်နီလာမှ ဘေးပတ်ဝန်းကျင်မှလူများအားအကူအညီတောင်းကာ ကာရံံ့အားဆေးရုံသို့ပို့ဆောင်ခဲ့လေသည်

ယနေ့........

Doctor မှ ဆေးစစ်ထားသည့် Results များရသည်ဟုဆို၍ အမေ့အားဆိုင်စောင့်ထားကာ ကာရံထွက်လာခဲ့လေသည် .......

ဆရာဝန်ဆွေးနွေးခန်းတွင် မျက်ရည်မကျအောင်ထိန်းနေသောကောင်လေးတစ်ယောက် နောက်ဆုံးမေးလိုက်သည်က ခပ်ပျက်ပျက်ပင်
"ကျွန်တော့်အတွက် အချိန်ဘယ်လောက်ကျန်သေးလဲ"

***************************

ခြံဝိုင်းထဲမှာကာရံဖြည်းငြင်းစွာအိမ်အပေါ်ထပ်သို့တက်လိုက်လေသည် ကံကောင်းသည်လား ကာရံအမေသည် ဘုရားရှိုခိုးနေ၍ ကာရံံ့ပုံစံကိုမမြင်ပေ

သူထိုနေ့ညမှပင် ဆုံးဖြတ်ချက်ချလိုက်သည်က သူချစ်ရသူတွေအတွက် ကျန်ရှိနေသည့်အချိန်တစ်နှစ် သူပေးဆပ်နိုင်သမျှပေးဆပ်၍ ပြင်ဆင်ပေးရမည်ဖြစ်သည်

**********************

ဇွဲတို့၏ကားလေးမျက်စိရှေ့မှပျောက်သွားသည်နှင့် ထိန်းထားသည့်မျက်ရည်ကြည်များ အလိုက်မသိစွာ ပါးပြင်ပေါ်လို့ကျဆင်းလာလေသည် ထိုစဥ်အမေရောက်လာသည်မို့ မသိမသာသုတ်လိုက်ကာ မေမေရောက်ရင် သားသွားတော့မယ်နော် သားအိမ်မှာထမင်းဟင်းချက်ပြီး ပြန်လာခဲ့မယ်ဟုဆိုကာ အိမ်သို့ထွက်လာခဲ့လေသည်

ထမင်းဟင်းချက်ပြီးသည်နှင် ကာရံဆိုင်သို့ပြန်သွားရာ ဆိုင်ဝမှာပင် ဇွဲနှင့်အမေကရယ်ရယ်မောမောစကားပြောနေကြရာ
"ဟာ ကျောင်းမသွားဘူးလားဟေ့ရောင်"

"ယမုံ့ကိုလိုက်ပို့ပြီးပြန်လာတာလေ"

မချိုမချဥ်မျက်နှာဘေးကို ကာရံ သက်ပြင်းသာချရင်းပြုံးမိတော့သည်
"ငါ့ခံစားချက်တွေသာ မင်းသိသွားရင် ငါ့ကိုဒီလိုဆက်ခင်နေဦးမလားဇွဲ" ကာရံစိတ်ထဲမှရွေရွတ်လိုက်မိသည်

"အန်တီ ဇွဲကိုအပြင်ခေါ်သွားမယ်နော်"

"အေးအေး ခေါ်သွားလေသား"

"လုပ်ပြန်ပြီလားကွာ ဘယ်လဲ"

"လိုက်မဲ့ဟာလိုက်ခဲ့စမ်းပါ ရံရာနားညည်းတယ်"

ဒေါ်နီလာမှာသူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်းခေါင်းခါလေသည်

"မေမေသားခနသွားဦးမယ်နော်"

"အေးပါသားရယ်စိတ်ချသွား"

"ဟုတ်" ဟုဆိုကာ ကာရံဇွဲကား၏ Lover seat မှာဝင်ထိုင်လေသည်
ဟုတ်သည် ထိုနေရာသည် သူ့အပိုင်ဟု ဇွဲက တရားဝင်ပြောထားသည်ဘဲလေ

စားသောက်ဆိုင်တစ်ခုသိုရောက်သော် ဇွဲမှာ စားစရာများကို တစ်ခုပြီးတစ်ခုမှာနေလေသည်

"ဇွဲနှစ်ယောက်တည်းစားမှာလေကွာ ဘာလို့အများကြီးမှာနေတာလဲ တော်တော့"

"မင်းကိုစားစေချင်လို့လေ ငါဒီရက်ပိုင်း မင်းမျက်နှာကိုကြည့်ရတာ အားမရဘူးကွာ မင်းအရင်အပတ်ကလဲမူးလဲသေးတယ် စားမှာသာစားပါ ရံ ရာ"

ကာရံဘာမှမပြောဘဲ ဇွဲမှာထားသည်များကိုသာ ထိုင်စားနေလိုက်သည် တကယ်ကို သူ့အကြိုက်တွေချည်းမှာထားသည့်ဇွဲက သူ့မျက်နှာညိုးနေရင်တောင် ချက်ချင်းသတိထားမိတတ်သည်လေ ဒီလိုလူကိုညာနိုင်ဖို့ သူအများကြီးကြိုးစားရပေဦးမည်....

*************************

You've reached the end of published parts.

⏰ Last updated: Oct 28, 2023 ⏰

Add this story to your Library to get notified about new parts!

ကမ္ဘာငယ်Where stories live. Discover now