Part (5)

28 0 0
                                    


ရာသီစက်ဝန်းသည် သူ့တာဝန်အတိုင်း ပုံမှန်ပင် ရက်မှလ လမှသည် နှစ်ဆီလို့ ကုန်လွန်လာခဲ့လေသည်...........

"ကာရံရေ...................ကာရံ..........."
ညကြီးမင်းကြီး ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအော်နေခဲ့သည် ဇွဲ့အသံကြောင့် ကာရံံ့မှာ အထိတ်တလန့်ပင် အိမ်ပေါ်မှပြေးဆင်းလာကာ

"ဇွဲ ဘာ...ဘာဖြစ်တာလဲ"

"ဒီနေ့ငါမွေးနေ့ မင်းကိုဖိတ်တာ ဘာကိစ္စမလာရတာလဲပြော"

"ဟာ မင်းကွာ ဘာများလဲလို့ မင်းမူးနေရင်လည်း အိမ်ပြန်တော့ အမေ အိပ်နေပြီကွ အော်ဟစ်မနေနဲ့"

"ပြောလေအာ့ဆို ငါ့မွေးနေ့တောင်မလာနိုင်ရအောင် မင်းကဘာတွေများအရေးကြီးနေလဲ ပြော...အခု မင်းရဲ့ အဲ့အရေးကြီးတဲ့ကိစ္စကြီးကို ငါ့ကိုပြော"
ဇွဲမှာ ကာရံနှင်ခင်မင်လာသည်နှင် ကာရံအပေါ်တဖြည်းဖြည်းသံယောစဥ်တွယ်လာယုံသာမက ကာရံတစ်ရောက်တည်းသာ မြင်နိုင်ခွင့်ရှိသည့် ဇွဲ၏ပုံရိပ်များကလည်း ထိုသို့ပင်

"ယမုံအမေနေမကောင်းတော့ သူ့ခင်ဗျာဆိုင်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ဗျားများနေရှာလို့ ငါကူညီပေးနေတာပါဇွဲရာ"
ကာရံ ဇွဲအပေါ်မုသားမသုံးလိုပေ သိုပေမယ့် သူရဲ့ အဆင်မပြေနေသည့်ပုံကိုတော့ဇွဲကို မပြလိုပေ ဇွဲ၏မိသားစုကိစ္စအစုံအဝဝ ကို ကာရံသိသည် ကြောင့် ဇွဲအတွက်အမြဲတည်ရှိနေမည့် တံတိုင်းသဖွယ်သာ သူရှိနေချင်သည် ဇွဲ၏မျက်စိရှေ့တွင် အကူအညီလိုနေသည့် ကြောင်လေးသဖွယ် သူမဖြစ်ချင်

"ဒါပေမယ့် ငါမျှော်နေတယ်လေ"
ဇွဲတိုးလျလျ လေသံဖြင့်ဆိုလိုက်လေသည်
ဇွဲ၏ မျက်နှာမှာ အရက်အနည်းငယ်သောက်ထားသဖြင့် အနီဘက်သို့သန်းနေသယောင်

ကာရံတို့နှစ်ယောက်ကြားအတန်ကြာ တိတ်ဆိတ်သွားကာ
"ဇွဲ"
ဇွဲခေါင်းကိုအောက်စိုက်ထားရာမှ မျက်လုံးများပင့်၍ ကာရံံ့အားကြည့်လာလေသည်
"မင်းကားမမောင်နိုင်ရင် ဒီမှာအိပ်လို့ရတယ်"
ထိုအခါမှ ဇွဲမျက်နှာမှာ မှိုရသလိုပင် ချက်ချင်း ကြည်လင်သွားပုံမှာ ကာရံပင်လိုက်၍ ပြုံးမိသည်အထိပင်
ဇွဲဒီနှစ်များအတွင်း ကာရံကို နောင်ရဲထက်ပင်ပို၍ခင်တွယ်လာမိသည်မှာတော့ သူကိုယ်တိုင်ပင် အသိဆုံး

******************

ကာရံမှာ ဒီနှစ်တော့ အဝေးသင်သို့သာပြောင်းရန် ဆုံးဖြတ်လိုက်သည် ယမုံအတွက်လည်း ဇွဲနှင့် နောင်ရဲ ရှိသည်မို့ ပူပင်စရာမလို ယမုံမှာ နောင်ရဲကို ငြင်းလိုက်သော်လည်း နောင်ရဲတို့နှင်အခင်အမင်မပျက်ပေ နောင်ရဲမှာ ပိုးပန်းရမည့် ကောင်မလေးတစ်ယောက်ပင် ထပ်၍ရှိနေလေပြီ နောင်ရဲမှာထိုသို့ပင် သို့ပေမယ့် သူတို့လေးယောက်မှာ နောင်ရဲကောင်းမှု့ကြောင့်သာအဖွဲ့ကျခဲ့သည်မှာတော့ငြင်း၍မရပေ

"ကာရံ ဘာလို့ပြောင်းမှာလဲကွာ မင်းမရှိရင်ဒီနှစ်ကောင်က ငါ့ကိုအနိုင်ကျင့်ကြမှာကွ"
ဇွဲတမင်မျက်နှာလေးငယ်ပြကာ ပြောလေသည်
"ဇွဲရယ် ငါလည်းမင်းတို့နဲ့ ကျောင်းဆက်တက်ချင်ပါတယ် ဒါပေမယ့် အမေ့ကိုငါအချိန်ပိုပေးချက်တယ်ဇွဲ ငါလည်းတက္ကသိုလ်ဆိုတဲ့အရာကို တတ်ကြည့်ခဲ့ပြီးပြီဘဲ"
ကာရံမှာအတည်ပေါက်နှင်ပြောလာသည်မို့
"ဒါဖြင့်လည်းမင်းစျေးထဲမှာ စျေးမရောင်းနဲ့တော့ကွာ ငါ့ daddy ကုမ္ပဏီမှာ အလုပ်တစ်ခုငါထည့်ပေးမယ်"
"ဇွဲ"
ကာရံံ့အသံကြောင့် နောင်ရဲပင်လန့်သွားရသည်
"မင်းတို့ချမ်းသာတာ ငါသိတယ် ငါမင်းနဲ့ပေါင်းတယ်ဆိုတာလဲ ငါမင်းကိုသံယောစဥ်ရှိလို့ မင်းတို့ကတော့မရှိ မာနလို့​ပြောလိမ့်မယ် အေး ငါ့အတွက်တော့အဲ့မာနက ငါတစ်ဘဝလုံးမှာတန်ဖိုးအရှိဆုံး ထိန်းသိမ်းရမယ့် ငါပိုင်ဆိုင်တဲ့တစ်ခုတည်းသောအရာဘဲ ငါသွားမယ်ဇွဲ"
ကာရံပြောချင်တာကို စိတ်ထဲရှိတိုင်းပြောခါ ထွက်လာခဲ့လေသည်.....

ကမ္ဘာငယ်Where stories live. Discover now