အပိုင်း (၁၆)

855 105 1
                                    

ကျန်းဟာအိုလမ်းကြောင်းလေးအတိုင်းအေးဆေး
လျှောက်လာရင်း နေဝင်ချိန်တောင်ရောက်တော့
မည်ဖြစ်သည် ။

သူသာမနက်အစောကြီးထဲကထွက်လာပါလျှင်
ဒီထက်နည်းနည်းစော၍ ရောက်နိုင်မှာဖြစ်သော်လည်း
ဆောင်းဟန်ဘင်းကြောင့် သူ့ရဲ့အလုပ်တွေဟာ
နှောင့်နှေးခဲ့ရသည် ။

ကျန်းဟာအိုဘေးဘီဝဲယာကို လှည့်ကြည့်သည့်အခါ
ဘာကိုမျှမတွေ့ရ သူဝင်လာခဲ့တုန်းကအတိုင်း
ဘေးပတ်ပတ်လည်မှာ သစ်ပင်ရှည်ကြီးများသာ
ရှိပြီး ခုနစ်ပင်မြောက်တိုင်းတွင် မပြောင်းလဲသော
နှင်းဆီပုံစံ မြှားလေးများသာတွေ့ရသည် ။

ဒီလိုခြောက်ခြားစရာကောင်းတဲ့တောကြီးထဲမှာ
ဟန်ယူဂျင်းက ညဘက်ကြီးတစ်ယောက်တည်း
ပြေးခဲ့ရတာပေါ့ ။

ကျန်းဟာအို လက်သီးတွေကိုတင်းနေအောင်
ဆုတ်ထားမိလိုက်၏။

နေ၏အလင်းရောင်ကတဖြည်းဖြည်းအားနည်း
လာသည့်တိုင် ကျန်းဟာအိုမှာလှည့်ပြန်မိဖို့
အတွေးမဝင်သေးပေ ။ သူသေချာပေါက်
ဟန်ယူဂျင်းရဲ့ လက်ကိုဆွဲပြီးမှဒီတောထဲက
ပြန်ထွက်မှာဖြစ်သည် ။

အာရုံစူးစိုက်ပြီး နားထောင်ကြည့်ရင်း
ရေစီးသံတစ်ချို့ကြားလိုက်ရသည် ။

ကြည့်ရတာဒီနားမှာ စမ်းချောင်းလေးတစ်ခု
ရှိပုံပါပင် ။

ကျန်းဟာအိုတဖြည်းဖြည်းနဲ့လျှောက်လာရင်း
စမ်းချောင်းမှရေစီးသံမှ ပို၍ပီပြင်လာပြီး
လူရှိခဲ့ဟန်သက်သေများဖြစ်သည့် ထင်းမီးပုံ
ကိုတွေ့လိုက်ရသည် ။

ကျန်းဟာအိုကသူ့ခြေလှမ်းများကိုအနည်းငယ်
မြန်လိုက်ရင်း စမ်းချောင်းနားကိုရောက်ခါနီးတွင်
သူ့လည်ပင်းသို့ တစ်စုံတစ်ရာကထောက်လာခဲ့သည် ။

" ဘယ်သူလဲ ? "

ဓားချွန်တစ်ခုကသူ့လည်ပင်းကိုဖောက်ထွက်
သွားတော့မယောင်စူးရှနေပြီး ဓားကိုင်ထားသူမှာ
ဘယ်သူလဲလှည့်ကြည့်ရန်ကိုပင် ကျန်းဟာအိုက
ခက်ခဲနေသည် ။

ပုန်းနေသူမှာဒီအခြေအနေတွေကိုအတော်လေး
အသားကျနေသူဖြစ်ရမည် ။ ကျန်းဟာအိုသူ့ခြေလှမ်း
များကိုဂရုတစိုက်နဲ့လျှောက်လာခဲ့တာတောင်
ဘယ်အကွာအဝေးထဲက သူလာနေမှန်း
သိသွားသည်မသိ ။

Untitled PillWhere stories live. Discover now