အပိုင်း (၁၉)

822 91 1
                                    

ဘဝကြီးမှာနေထိုင်လာရင်းနဲ့ပင် နှစ်ခါဆက်တိုက်ကြီး
ပြန်ပေးဆွဲခံရမယ်လို့တော့ ဟန်ယူဂျင်းလုံးဝ
မထင်ထားခဲ့ပါပေ ။

ပထမတစ်ခါကတော့ သူကိုယ်တိုင်ကသိထားနှင့်တဲ့
ကိစ္စဖြစ်တာကြောင့် သူပြင်ဆင်ထားခဲ့ပါသဖြင့်
ဘာမှတောင် ဒုက္ခမရောက်လိုက် ။

ဒီတစ်ခေါက်မှာတော့ သူဟာသူများနယ်မြေထဲမှာလည်း
ဖြစ်နေသလို အနားမှာလည်းတစ်ယောက်မှမရှိသော
ကြောင့်အတော်လေးကို စိတ်လည်းတိုရသလို ကြောက်
လည်းကြောက်မိသည် ။

မျက်လုံးများကိုအဝတ်စနဲ့စည်းပြီးပိတ်ထားသည့်
အပြင် နောက်ပြန်ကြိုးတုပ်ထားသည်မလို့
ဟန်ယူဂျင်းမှာ ဘယ်လိုလွတ်အောင်လုပ်ရမှန်း
တကယ်ကိုမသိပါချေ ။

" အား !!! ငါစိတ်တိုလာပြီ ။ ဒီရက်ပိုင်းအတွင်းကို
ပြန်ပေးဆွဲခံရလိုက် တောထဲပြေးရလိုက်နဲ့
တအားစိတ်ဆင်းရဲနေပြီ ။ "

ဟန်ယူဂျင်းမှာလွတ်နေတဲ့သူ့ရဲ့ခြေထောက်တွေကို
လေထဲမှာကန်လိုက်ပြီး ဒေါသထွက်နေသည် ။

" မင်းကြောင့်လေ မင်းကြောင့် မင်းကြောင့်ပဲ
အကုန်ဒီလိုဖြစ်နေတာ !!! "

သူ့ဘေးနားကနေ သူနဲ့ရင်းနှီးတဲ့အသံတစ်ခု
ထွက်လာတာမလို့ ဟန်ယူဂျင်းအပြုအမူတွေကို
ခဏရပ်လိုက်သည် ။

" အီဂျောင်ဟွန်းလား ? "

" အေးဟုတ်တယ် မင်းအဖေငါပဲ ! "

" အီးဟီး ဟွန်းနား မင်းငါ့ဘေးနားမှာရှိနေတာလား ။
ငါတစ်ယောက်တည်းထင်လို့ အရမ်းတွေကြောက်
နေတာ အီးဟီး ငါ့ကိုကယ်ပါဦးကွာ ငါအိမ်အရမ်း
ပြန်ချင်နေပြီ "

ဟန်ယူဂျင်းက အီဂျောင်ဟွန်းရှိလောက်မည့်ဘက်သို့
မှန်းပြီးခေါင်းကိုလှည့်ကာပြောလိုက်သည် ။

" တိတ်စမ်း နားညီးတယ် ။ ငါလဲ စီစီတီဗွီအခန်းထဲ
ရောက်နေတုန်း ဆွဲခံလာရတာ ။ ဘာမှမတက်နိုင်ဘူး ။
လက်တွေလည်းကြိုးတုပ်ခံထားရတယ် ။ "

" မင်းကမရုန်းဖူးလား ? "

" ဟင်...မရုန်းဘူးလေ အယ် မှားလို့ ရုန်းတာပေါ့ ။
ဘာလို့မရုန်းရမှာလဲ လာခေါ်တာ မင်းအဖေတွေမှ
မဟုတ်တာကွ ။ "

Untitled PillWhere stories live. Discover now