Episode 1

80 10 0
                                    

[Unicode]

" အချက်အလက်တွေအရ မင်းအထက်တန်းကျောင်းတက်နေတုန်းပဲ၊ မင်းမှာ ကုမ္ပဏီမရှိဘူး၊ ငါတို့ရဲ့ show ကို မင်းဘယ်လိုပါဝင်လာတာလဲ "

ချင်းလူသည် မျက်လုံးများကို ဖွင့်ကြည့်
လိုက်တော့ အလင်းရောင်အောက်တွင် သူရပ်နေသည်ကို တွေ့လိုက်ရသည်။ အကျွမ်းတဝင်မရှိသော ကင်မရာများသည် ထောင့်ပေါင်းစုံမှ သူ၏တည်နေရာဆီသို့ ညွှန်ပြရိုက်ကူးနေသည်။ ဒါရိုက်တာ တစ်ယောက်ဖြစ်ပုံရတဲ့ အမျိုးသားက စိုးရိမ်တကြီးနဲ့ ပါးစပ်ဟလျက်ကြည့်နေသည်။

သူနှင့်မဝေးလှသောနေရာတွင် ပြင်းထန်သောရောင်ဝါနှင့် ပြောင်မြောက်သော မိတ်ကပ်လိမ်းခြယ်ထားသော လူလေးယောက် ထိုင်နေသည်။ သူတို့နောက်မှာ ပိရမစ် ပုံသဏ္ဍာန်ရှိတဲ့ ထိုင်ခုံတွေပေါ်မှာ ငယ်ရွယ်ပြီးချောမောတဲ့ ကောင်လေးတွေနဲ့ ပြည့်နေပြီး အားလုံးက ချင်းလူရဲ့ဖျော်‌ဖြေမှုကို စေ့စေ့ကြည့်နေကြသည်။

မှတ်ဉာဏ်အပိုင်းအစအချို့က ချင်းလူ၏ စိတ်ထဲတွင် လျင်မြန်စွာထွက်ပေါ်လာသည်။ သူ့အ‌ကြောင်းကိုမတွေးခင် ချင်းလူသည် အရေးကြ်ီးသော အချက်အလက်အချို့ကို လျင်မြန်စွာထုတ်နုတ်ပြီး survival show တစ်ခုဖြစ်တဲ့ Idol talent showတစ်ခုတွင် သူပါဝင်နေကြောင်း နားလည်သွားသည်။

အမှန်စင်စစ်သူသေရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါပေမယ့် သူအခု မထိတ်လန့်ဘဲ ရပ်နေတယ်။ သူဘာတွေဖြစ်နေလဲ သိချင်ရင် သူ့ရှေ့ကပြဿနာကို အရင်‌ဖြေရှင်းရမယ်။

ဖျော်ဖြေရေးနယ်ပယ်တွင် ဆယ်စုနှစ်များစွာ ကြာကြာလုပ်ကိုင်လာသူတစ်ဦးအနေဖြင့် ချင်းလူသည် မရေမတွက်နိုင်သော အ‌ခြေအနေများကို ရင်ဆိုင်ခဲ့ရပြီး လျင်မြန်စွာ စိတ်တည်ငြိမ်စေရန် တွန်းအားဖြစ်လာခဲ့သည်။

သူရခဲ့သော အထွေအထွေအချက်အလက်များကို ပေါင်းစပ်လိုက်ရာ ချင်းလူသည် သူ့အား မေးခွန်းတစ်ခုမေးခဲ့ဖူးသော ဆရာအားကြည့်ရန် မျက်လုံးပြူးသွားသည်။ သူက လေကောင်းလေသန့်ကို ရှူရှိုက်ရင်း ရှက်ရွံ့စွာ ပြုံးလိုက်ပြီး " တောင်းပန်ပါတယ်ဆရာ၊ ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားမိပါတယ်"

MTL. After Transmigrating Into An Idol Talent Show (MMTrans) Where stories live. Discover now