Intro

413 33 0
                                    

Unicode

မိတ်ဆက်

စူးမုလော့က ဖီးနစ်မျိုးနွယ်စုရဲ့ တစ်ဦးတည်းကျန်ရှိတဲ့ ဖီးနစ်တစ်ကောင်ဖြစ်ပြီး သူ့မှာနဂါးမျိုးနွယ်စုက နောက်ဆုံးသောနဂါးဖြစ်တဲ့ အိမ်ထောင်ဖက်တစ်ယောက်လည်း ရှိလေတယ်။

ဒါပေမဲ့ သူ့ရဲ့နဂါးက နှစ်၁၈၀၀လောက် ဥအဖြစ်နဲ့ပဲရှိနေခဲ့ပြီးတော့ အခွံအက်လာဖို့ဆိုတဲ့ အရိပ်အယောင်ကလည်း ဟိုးအဝေးကြီးမှာ။

တစ်မနက်တွင်မတော့ စူးမုလော့က ခဏလောက်နဂါးဥကိုစိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးအဲ့ဥကို ချက်စားပစ်လိုက်ဖို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်။

ရေနွေးအိုးကဆူပွက်နေပြီး သူရေထဲကိုနဂါးဥကို
ထည့်လိုက်တော့မယ့်အချိန် နှစ်တစ်ထောင်ကျော်လောက်တိတ်ဆိတ်နေခဲ့တဲ့ နဂါးဥဟာ ခွက်ခနဲရုတ်တရက်ကြီး အက်ကွဲလာတော့တယ်။

.......

ဤလောကကြီးတွင် တကယ့်နဂါးအစစ်ပေါ်လာခဲ့လေပြီ။မကောင်းဆိုးဝါးများအစည်းအရုံး အစိုးရဌာနက ဒါရိုက်တာသည် တုန်တုန်ယင်ယင်နှင့် သွားရောက်လည်ပတ်ပေးဖို့အတွက် လူ​များလွှတ်လိုက်၏။

အဲဒီနောက်မှာတော့ သူတို့မြင်လိုက်ရသည်မှာ
ဖီးနစ်၏လက်ကောက်ဝတ်မှာ ခွေရစ်နေသည့် အနက်ရောင်နဂါးပေါက်စလေးပင်။ထိုအရာလေးက သူတို့ဆီကို ရန်မူစွာနဲ့ပဲ မီးလုံးတွေကို ပစ်ထုတ်လာ၏။

လုံလင်း : ထွက်သွားစမ်း! ငါ့ဇနီးလေးကို မထိနဲ့!

စူးမုလော့ : မင်းကဘယ်သူလဲ။?

_______________

__________

ဒီဇာတ်လမ်းလေးကို MTL စစ်စစ်ကနေ ဘာသာပြန်တာမို့ အချို့နေရာတွေဖတ်ရခက်တာတွေရှိပါတယ်။ဒါပေမဲ့တအားဖတ်ကောင်းပါတယ်။

နောက်ပြီး Gong ဖြစ်တဲ့ ရှောင်ဟေးလုံလေးက တအားချွဲ၊တအားကပ်တတ်တဲ့ပုံစံလေးပါ။သူ့ဖီးနစ်ကကြောင်နဲ့စကားပြောတာတောင် ရှာလကာရည်အသောက်ကြမ်းပါတယ်။ಥ⁠‿⁠ಥ

သူ့ဖီးနစ်အပေါ်လည်း တအားအသားယူပါတယ်။နဂါးဆိုတော့ အချိန်တိုင်းသူ့ခန္ဓာကိုယ်ကြီးနဲ့
စူးမုလော့လေးကို ရစ်ရစ်ထားတာ။

နှစ်များစွာပျိုးထောင်ခဲ့ရတဲ့ နဂါးဥလေးနောက်ဆုံးတော့ အခွံအက်လာပြီ!Where stories live. Discover now