အိမ်ရှေ့မှ ဧည့်သည်ကောင်လေးတယောက်က လှမ်းခေါ်နေသည်။
"အန်တီခင်ရေ ~အန်တီခင်~ ကျနော် နှောင်းကမ္ဘာပါ~"
အန်တီခင် တယောက် မီးဖိုချောင်မှ အပြေးပြေးလာပြီး
"အေးအေး၊လာပြီသားရေ~"
အန်တီခင် တံခါးဖွင့်၍ ကောင်လေးအား ကြိုဆိုသည်။
"အော~သား မတွေ့တာတောင်ကြာပြီဘဲ~လာလာအိမ်ထဲကို"
အန်တီခင်တယောက်ကောင်လေးအား ဧည့်ခန်းထဲကခုံတွင် လက်အမူအရာဖြင့် ထည်ခိုင်းသည်။
"ထိုင်လေ~သား"
"ဟုတ် အန်တီ၊ မတွေ့တာတောင်ကြာပြီ ကျန်းမာပါစရှိရဲ့လား"
"အိုး~~ကျန်းမာတာကတော့မပြောနဲ့ ဒေါင်ဒေါင်မြည်ဘဲ ၊ဟိုးအဖိုးကြီးသာခနခန နေမကောင်းဖြစ်နေတာ ကိုက်လိုက်ခဲလိုက်နဲ့ အသက်ကြီးလာတော့လဲ အိုနာပေ့ါကွယ်၊ မင်းကော ဟိုမှာအဆင်ပြေ၊ကျန်းမာတယ်မလား"
"ဟုတ်ပြေပါတယ် အန်တီ၊ အခုဆိုဟိုမှာစီးပွားရေးလဲ တော်တော်အဆင်ပြေနေပါပြီ"
"အော~ဒါနဲ့ သားအမကောမပါဘူးလားကွဲ့"
အန်တီခင်တယောက် ကမ္ဘာ့ရဲ့အမကို မတွေ့လို့မေးတော့သည်။
"ဟုတ်တယ်အန်တီ အမက သူ့အလုပ်ကလက်စသတ်မရလို့ မလိုက်လာနိုင်တာ တောင်းပန်ပါတယ်တဲ့"
ကမ္ဘာက သူ့အမမအားကြောင်းကိုပြောပြသည်။
"မဟုတ်တာကွယ် အန်တီနားလည်ပါတယ် အလုပ်ကောင်းကောင်းအဆင်ပြေနေတော့ ကောင်းတာပေါ့ကွဲ့"
အန်တီခင်ကလဲ သဘောထားကြီးစွာ နားလည်သည်။
"ဟိုမောင်နှမနှစ်ယောက်ကော~"
ကမ္ဘာက ခေါင်းလေးတရမ်းရမ်း လိုက်ရှာသလိုမျိုး လုပ်ရင်း အန်တီ့ကို့မေးသည်။
"အော~သား သူတို့ကို အန်တီဈေးဆိုင်သွားခိုင်းထားတာ၊ခနနေလာပြန်လာမှာပါ"
အန်တီက ဈေးဆိုင်ဘက်ကို လက်ညိုးထိုးရင်း ကမ္ဘာ့အားပြောသည်။
"ဟုတ်ကဲ့ပါ~အန်တီ"
ကမ္ဘာက ခေါင်းညှိတ့်ရင်း ပြောသည်။
{ ကျနော်သူ့ကိုအရမ်းတွေ့ချင်နေပြီဗျာ...စောင့်ခဲ့ရတာ 8နှစ်တာ အချိန်ကြီးကို တယောက်ထဲဖြတ်သန်းခဲ့ရတာ အခုတော့တွေ့ရတော့မှာပေါ့ ချစ်ရသူများရှိနေပြီလား~ဟာကွာ~ဒီလောက်စောင့်ခဲ့ရတာ ပိုင်ရှင်ရှိလဲ မင်းပြေးမလွတ်ပါဘူး~ငါရအောင်ယူမှာ~ခလေးမင်းစောင့်နေပါနော်}
YOU ARE READING
Sugar Daddy And Sugar Mommy
Любовные романыမောင်မှမနှစ်ယောက်ကို မွေးပြီးစားမဲ့မောင်နှမနှစ်ယောက်ပါ🤧🥹 (ပထမဆုံးအရေးအသားမို့ အကောင်းဆုံးကြိုးစားထားပါတယ်)🥺🥺
