မွေးစားမောင်နှမ(P1)

817 28 3
                                    

"အမေရေ သမီးတို့ကျောင်းသွားတော့မယ်နော်"

မောင်နှမ နှစ်ယောက်ကျောင်းသွားဖို့ အိမ်ရှေ့ထွက်ရင်း အမဖြစ်သူမှ အမေ့အားသတိပေးသည်။

"အေးအေး သမီးနဲ့သား ဂရုစိုက်သွားကျနော်"

အမေမှ ‌အလန့်တကြား ပြန်အော်သည်။

မောင်နှမနှစ်ယောက် တယောက်စီ ထမင်းချိုင့်လေးကိုင်ကာ လမ်းလျှောက်လာရာ လမ်းတွင် ဘေးမှ ဖြတ်ကာ လမ်းလျှောက်လာသော ကောင်မလေး နှစ်ယောက်မှ အတင်းပြောသံကိုကြားရသည်။

"ဟဲ့~နင်သိလား.အဲ့မောင်နှမနှစ်ယောက်က မွေးစားသားသမီးတေတဲ့~"

ထိုမောင်နှမအား မေ့ငေါ့ပြ၍ ပြောလာသည်။

"ဟုတ်လားအေ~နေပါဦး ညည်းကဘယ်လိုသိတာလဲ"

ထိုကောင်မလေးကလဲ သိချင်စိတ်ဖြင့် မြန်မြန်ဆန်ဆန်ပြန်မေးလိုက်သည်။

"ဒီလိုအေး~ငါ့အမေပြောပြတာ၊ သူ့တို့အမေက ငါ့အမေကို လာ‌ရင်ဖွင့်တာတဲ့၊ သူတို့ကိုမွေးစားထားတဲ့ဆိုတဲ့အကြောင်းကိုပေါ့"

သူကလဲခက်မြန်မြန်ပြန်ဖြေလိုက်သည်။ စိတ်ကတော့ မွေးစားသားတွေမလို့ အနည်းငယ် အထင်သေးနေသည်။

"အေးနော်~မထင်ထားမိဘူး၊ တွေးတော့တွေးမိသားဘဲဟ သူတို့က အချောလေးတွေလေး အန်တီတို့နဲ့မတူပါလားလို့ ထင်နေတာ~အခုတော့ မွေးစားသားတွေကို၊ သူတို့မိဘတေက ဘာလို့များပြစ်ရက်လဲဟယ် ချစ်စရာလေးတွေဖြစ်မှာကို~"

ထိုကောင်မလေးက သနားစိတ်နဲ့ပြောမိသည်။

ထိုအခါမှ
"သူတို့မိဘတွေက မလွှဲသာလို့ပြစ်တာတဲ့၊ သူတို့ကိုမွေးစားတော့ ဂေဟာမှူးကပြောတယ် သူ့တို့ကိုပြစ်သွားတုံးက ဆွဲခြင်းထဲမှာ စာရွက်နဲ့သူတို့ရဲ့နာမည်၊အသက်၊မွေးနေ့၊ဘာနဲ့မတည့်ဘူး ဆိုတာကအစ ပြောထားတာတဲ့ ပိုက်ဆံလဲပါတယ်ဆိုဘဲ~ဟဲ့"

ကောင်မလေးက နားလည်ဟန်နဲ့
"အေးပေါ့~မလွှဲသာတဲ့အကြောင်းရှိလို့ ဒီလောက်ချစ်စရာကောင်းတဲ့ကလေးတွေကို ပြစ်တာနေမှာပေါ့အေး~ထားလိုက်ပါ‌တော့၊ ဒီ့ထက်ပြောရင်ငါငိုမိတော့မယ်"

"အေးပါ‌အေး~ငါလဲစိတ်မကောင်းပါဘူး သူတို့အတွက်"
သူကလဲသနားဟန်နဲ့ပြောလာသည်။

‌မောင်နှမနှစ်ယောက်လဲ ကျောင်းရောက်လာသည်။
_ _ _ _ _ _

ဆက်ရန်
အဝင်းကအခုမှစရေးတာပါ အားပေကြပါနော်🥺🥺💕

Zawgyi














ထိုအခါမှ




Sugar Daddy And Sugar Mommy Where stories live. Discover now