Part-10

69 3 2
                                    

ခွန်ထက်သင်တန်းမှတိုက်ခန်းသို့သာပြန်လာခဲ့သည်။

တိုက်ခန်းအောက်ရောက်တော့ကျွန်တော့်ရဲ့မာန်ကကားပေါ်ကလူတစ်ယောက်ကိုနူတ်ဆက်နေသည်။

ကျွန်တော်ထိုနေရာနှင့်မလှမ်းမကမ်းတွင်ရပ်‌ကြည့်နေမိသည်။

ခနကြာတော့စက်နိူးပြီးမောင်းထွက်သွားသောကားတစ်စီးနှင့်ကားထွက်သွားသည်နှင့်အပါ်သို့တက်သွားသောမာန်။

ကျွန်တော်စိတ်ထဲမာန့်အ‌ေပါ်စိုးရိမ်စိတ်များဝင်လာခဲ့လေသည်။
တွေးလက်စ‌အတွေးများအားဖျောက်ကာမာန်နှင့်ရှေ့ဆင့်နောက်ဆင့်ပင်အချစ်ရှိရာတိုက်ခန်းသို့တက်လာခဲ့သည်။

အခန်းထဲရောက်တော့မာန့်ကိုမတွေ့၍ကျွန်တော်လှမ်းအော်သည်။

"မာန်...မောင့်မာန်လေးရေ"

"မာန်ကဒီမှာ.........ဘာတွေအော်နေတာလဲမောင်ရဲ့"

"မောင်ပြန်လာပြီလေ...လာပါအမောပြေလေးနမ်းပါရစေအုန်း...မွမွ"

"တော်ပြီနော်မောင်...ရေချိုးအုန်း"

"ခနနေချိုးမှာပါဒီမှာ..မာန်ကြိုက်တဲ့ကွေ့တီယိုဝယ်လာတယ်...."

"အာ..အ့ကြောင့်ချစ်ရတာမောင်ရဲ့အာဘွားးမွမွ..."

"မာန်ခနကကားပေါ်ကလူကိုနူတ်ဆက်နေတဲ့သူကဘယ်သူလဲ"

"အော်...ဖေဖေကမာန့်အတွက်အမွေထားခဲ့တဲ့အကြောင်းအဖေ့ရဲ့ရှေ့နေကလာပြောတာ"

"အော်.."

"ဖေဖေကမာန့်ကိုမချစ်ဘူးလို့ထင်ခဲ့တာ....ဖေဖေသိသွားလို့များလားဒေါ်ချိုဇင်သက်ထားကမကောင်းတဲ့မိန်းမဆိုတာ"

"ဟုတ်မယ်ထင်တယ်မာန်"

"အဖေ့လိုကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့လူကရုတ်တရက်ဘာအကြောင့်ကြောင့်များသေသွာရမှာလဲ"

"......."

"မောင်မာန်လေ..မာန့်အဖေနဲ့အမေအတွက်အဲ့မိန်းမကြီးကိုလက်စားချေချင်တယ်"
လက်သီးကဆုပ်ထားတာတင်းလာပြီးမျက်နှာတွင်လည်းမျက်ရည်များကတစ်စက်စက်ကျနေလေသည်။

မာန့်ပြောနေတဲ့မျက်နှာကိုမြင်ယုံနဲ့သိပါသည်နာကြည်းချက်များနှင့်ပြော‌သည့်စကား။
စိတ်ချပါမာန်ရေမာန်ထိခိုက်မှာဆိုးလို့မောင်ကဘဲမာန့်အစားလက်စားချေပေးပါ့မယ်။

Dream.Where stories live. Discover now