Step by step

1.4K 218 5
                                    

ယူဂျင်း ဒီနေ့တော့ စာကြည့်တိုက်ကိုလာတာအိပ်ဖို့မဟုတ်ဘဲ စာဖတ်ဖို့ဖြစ်သည်။ ဘာလို့ဆို ကိုကိုကစာဖတ်ဝါသနာပါသည်လေ။ အဲ့ဒါကြောင့် ကိုကို့ဝါသနာကိုသူ့ဝါသနာဖြစ်‌အောင်လိုက်လုပ်ရင်း ကိုကိုသူ့ကိုအထင်ကြီးလာအောင်လုပ်ရမည်။

ပြီးတော့ သူ Communityက commentတွေထဲမှာ ဖတ်ဖူးထားသည်။ ကိုကိုက နေ့ခင်း 1နာရီလောက်ဆိုစာကြည့်တိုက်ကိုအမြဲလာသည်တဲ့လေ။ အဲ့ဒါကြောင့်သူ 12:45လောက်ကတည်းကစာကြည့်တိုက်ကိုအရောက်လာပြီး စာအုပ်သုံးအုပ်လောက်ဆွဲယူထားကာ စာထိုင်ဖတ်နေလိုက်တော့သည်။

သို့ပေမဲ့ သူ့အာရုံတွေကတော့ စာအုပ်ဆီမှာရှိမနေ‌ဘဲ နာရီကိုကြည့်လိုက်၊အပြင်ကိုလှမ်းကြည့်လိုက်နဲ့ဗျာများနေရသည်။ အဲ့လိုနဲ့ 1နာရီလောက်လည်းကျရော စာကြည့်တိုက်ထဲ ကိုကိုဝင်လာတာကို မြင်လိုက်ရတာနဲ့ ယူဂျင်း စာအုပ်ဆီကိုသာ အကြည့်ပို့ထားလိုက်တော့သည်။

မသိရင် သူတကယ်ကြီး စာဖတ်နေပါတယ်ပေါ့။

ကျေးဇူးပြုပြီး
ကိုကိုငါ့ကိုမြင်သွားပါစေ...
ငါ့ရှေ့မှာလာထိုင်ပါစေ...

အခုတလော ကံတက်နေလို့လားတော့မသိ။ သူ့ဆုတောင်းတွေကချက်ချင်းပြည့်ခဲ့ပါသည်။

"" ဒီတစ်ခါတော့အတည့်ဖတ်နေတာပဲ ""

စတွေ့တွေ့ချင်းပြောလိုက်တဲ့ ကိုကို့စကားကြောင့် ယူဂျင်းမျက်နှာပူလာရသည်။

"" အဲ့အကြောင်းတော်ပါတော့.. ""

"" အင်းပါ အင်းပါ
မင်းမကြိုက်ရင်ကိုယ်မစ,တော့ဘူး ""

စာကြည့်တိုက်ထဲမှာမလို့သုံးခွန်းသာပြောဖြစ်ကြပြီး သူတို့စကားဝိုင်းလေးတိတ်ဆိတ်သွားတော့သည်။

သို့ရာတွင် ယူဂျင်း စာဖတ်ချင်ယောင်ဆောင်ရင်းနဲ့ ကိုကို့ကိုခိုးကြည့်မိရာ... အရင်နေ့တွေကထက် ညှိုးနေတဲ့ ကိုကို့မျက်နှာလေးကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

ဘာလို့မျက်နှာလေးကမလန်းတာလဲ?
ဘာဖြစ်လို့ပါလိမ့်?

ထိုအချိန်မှာပဲ ကိုကိုကချောင်းနှစ်ချက်လောက်ဟန့်လာခဲ့တာမလို့ ယူဂျင်း မနေနိုင်မထိုင်နိုင်မေးလိုက်မိတော့သည်။

" ယုန်လေးကဒီမှာလေ " [ Completed ]Where stories live. Discover now