မေနဲ့ လူစိမ်းနှစ်ယောက် (အပိုင်း - ၂)

6.8K 45 14
                                    


မေနဲ့ကျနော်ရဲ့ အချစ်တွေ ပိုမိုလန်းဆန်း လာသည်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဂရုစိုက် ကြင်နာမှုတွေက လက်ထပ်ပြီးစ အချိန်များထက်တောင် ပိုနေသလိုပင်။ ကို့ကို ချစ်တယ် လို့လဲ ပြုံးရွှင်စွာဖြင့် မကြာခဏပြောသည်။ ကျနော်အပေါ် ကြံဖန်ပြီး စိတ်ကောက်တာ ဂျီကျတာတွေလဲ သိပ်မရှိတော့။

ဒီလိုနဲ့ သောကြာနေ့ ရောက်လာသည်။ လင်မယားနှစ်ယောက် TGIF မှာ တွေ့နေကြ သူငယ်ချင်းတွေနဲ့ သွားတွေ့ကြသည်။ ညအိမ်ပြန်ရောက်ပြီး နှစ်ဦးသား ချစ်ပွဲဆင်နွဲကြသည် အားလုံးပုံမှန်ပဲ။ Weekend မှာ ကိုထင်လင်းတို့နဲ့ တကယ်တွေ့မှာလား အိမ်ထိလာမှာလား ကျနော်ခေါင်းထဲမှာ မေးခွန်းတွေရှိနေသည်။ သို့သော် မေက ဘာမှမပြော၍ ကျနော်လဲ မမေးဖြစ်။ စနေနေ့မှာ မေက ကျနော်ကြိုက်တဲ့ ဟင်းတွေ ချက်ကျွေးသည်။ အတူတူ Netflix ကြည့်ကြသည်။

မေ့ကို အနမ်းတွေပေးပြီး သူခန္ဓာကိုယ်ကို ပွတ်သပ်သောအခါ မေက ကျနော့ကို ပြန်ပြီးနမ်းပါတယ်။ ပြီးတော့ အရည်လဲ့နေတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်ပြီး တိုးတိုးလေးပြောတယ်

"ဒီနေ့တော့ နားရအောင်နော် ကို ..."

ဟုတ်တယ် ကိုထင်လင်းနဲ့တွေပြီးတည်းက လင်မယားနှစ်ယောက် အချစ်သည်းခဲ့ပြီး ရက်တွေ ဆက်နေတာ မေပင်ပန်းနေရောပေါ့။ မေ့ကို ဟုတ် လို့ပဲ ပြန်ပြောပြီး မေ့ကို အနမ်းတွေ ထပ်ပေးပြီး နှစ်ယောက်သား ဒီတိုင်းပဲ ဖက်ပြီး အိပ်ခဲ့လိုက်ကြသည်။

တနင်္ဂနွေနေ့ မနက်မိုးလင်းတော့ မေက မနက်စာ မိုးကုတ်မြီးရှည် လုပ်ကျွေးသည်။

"ကို ဒီနေ့ နေ့လည်စာကိုတော့ အပြင်ကနေပဲ မှာစားရအောင်နော် .. အိမ်မှာမချက်တော့ဘူး " ဟုပြောပြီး အဆင်ပြေတာ ပဲမှာစားလိုက်ကြတယ်။

ညနေဘက် ရောက်တော့ ကျနော် တစ်နာရီလောက် Gym သွားဆော့ပြီးပြန်လာ ရေမိုးချိုးလိုက်သည်။ မေက ယောဂ နာရီဝက်လောက် လုပ်ပြီး ခဏနားကာ ရေသွား ချိုးသည်။ ကျနော်လည်း Netflix ဖွင့်လိုက် YouTube ဖွင့်လိုက်နဲ့ အချိန်ဖြုန်းနေလိုက်သည်။

မေ ရေချိုးပြီးတော့ ညဝတ် အင်္ကျီလေးဝတ်ပြီး ထွက်လာကာ မီးဖိုခန်းထဲဝင်သွားပြီး အသီးအရွက်ဆလပ်၊ ဝိုင်ပုလင်းနှင့် သစ်သီးများ ယူလာပြီး ကျနော့နားကို ရောက်လာပါတယ်။ ကျနော့် ပုခုံးကိုမှီပြီး ရုပ်ရှင် အတူကြည့်နေပါတယ်။

You've reached the end of published parts.

⏰ Last updated: Aug 09, 2023 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်နှင့် မေWhere stories live. Discover now