ကျွန်တော်နှင့် မေ (အပိုင်း - ၁)

14.4K 59 2
                                    

ကျယ်ဝန်းသန့်ရှင်းသော ဟိုတယ်ခန်းတစ်ခုပါ။ လိုက်ကာများကို ဆွဲဖွင့်လိုက်သောအခါ အပြင်တွင် လှပသော ညနေခင်းမြင်ကွင်းလေး ရှိနေသည်။ မေက သောက်လက်စ ဝိုင်ခွက်ကို ချပြီး ကျွန်တော့်ကို လှမ်းပြောသည်

"ကို.. မေ ရေချိုးလိုက်ဦးမယ်.. ကိုရော အတူတူချိုးမလား.."

"မေပဲ အရင်ချိုးလိုက်လေ.. သူ စောပြီး ရောက်လာရင် တံခါးဖွင့်ပေးမယ့်သူ မရှိဘဲ ဖြစ်နေမယ်.."
မေ ဟာ အဝတ်အစားများ ချွတ်ပြီးနောက် တဘက်ရင်လျား ဖြင့် ကျွန်တော့်အနားကို ခပ်ရွရွလေး လျှောက်လာသည်။ သူမမျက်နှာမှာ နူးနူးညံ့ညံ့ အပြုံးလေးဆင်လျှက် ကျွန်တော့် နှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်ပြီး

"ကို.... ခဏနေရင် ဘာတွေပဲဖြစ်ဖြစ် မေ့ကို အရင်လိုပဲ ဆက်ပြီးချစ်နေမှာ သေချာရဲ့လား..."
သူမက ကျွန်တော့ မျက်လုံးတွေထဲကို စူးစိုက်ကြည့်ပြီး ပြောလာတော့မှ ကျွန်တော့ ခန္ဓာကိုယ်ထဲက သွေးတွေ ရုတ်တရက် ရှိန်းခနဲ ဖိန်းခနဲနေအောင် ဆူပွက်ပြီး ရင်တွေ တဒိန်းဒိန်း ခုန်သွားသည်။
အသက်ကို ဝဝရှူပြီး "သိပ်ချစ်မှာပေါ့မေရယ်.. ကိုက မေ့ကို ဘယ်လိုဖြစ်ဖြစ် ဆက်ချစ်မှာ.." လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။

မေက "နည်းနည်းတော့ ခက်မယ်နော် ကို..." ပြောပြီး ရေချိုးခန်းထဲ လှမ်းဝင်သွားသည်။ မေ့ နောက်ကျောဘက်ကို ငေးကြည့်ရင်း မေ ဘာကိုဆိုလိုတာလဲလို့ တွေးရင်း ကျွန်တော့မှာ ရင်တွေ ဒီန်းဒိန်း ခုန်ပြီး ကျန်ရစ်ခဲ့သည်။

မေ သည် ရေချိုးပြီး နောက် Luggage ထဲမှ အနီရောင် ညဝတ်ဇာအင်္ကျီလေး ထုတ်ဝတ်ပြီး ကျွန်တော့်ဘေးနားကို ပြန်လာထိုင်သည်။ Bluetooth Speaker လေးမှ Eric Clapton ၏ Wonderful tonight သီချင်းသံလေး ပျံလွင့်နေသည်။

ညဝတ် ဇာအင်္ကျီအောက်မှာ မေ့ ရဲ့အသားအရည်လေးမှာ ဖြူမွတ်ဝင်းပနေသည်။ ဇာအောက်မှ ဖွံထွားသည့် ရင်သားအစုံကိုလဲ မလုံ့တလုံ မြင်နေရသည်။ ပေါင်လည်ခန့်သာရှည်သော ညဝတ်ဇာအင်္ကျီရဲ့ အလွန်တွင် ဖြူဝင်းသွယ်လျသော ခြေတံလေးများကို အတိုင်းသား မြင်နေရတာ ဒီနေ့ကျမှပင် ပိုပြီး တပ်မက်စရာ ကောင်းနေသည်။ Professional ယောဂ နည်းပြဆရာမ တစ်ယောက်ဖြစ်တဲ့ ၂၅ နှစ်အရွယ် မေ့ရဲ့ ကိုယ်လုံးမှာ အဆီပိုမရှိ ကောက်ကြောင်းပြေပြစ်စွာ လိင်ဆွဲဆောင်မှုအပြည့်ဖြင့် ကျစ်လစ် လှပနေသည်မှာ ပြောစရာပင်မလိုတော့ပါ။

ကျွန်တော်နှင့် မေDonde viven las historias. Descúbrelo ahora