𝐄𝐗𝐓𝐑𝐀
"YoonGi"
"အင်း ဂျီလုံး"
"နားယားစရာ"
"ငါခေါ်ကြည့်ချင်ခဲ့တာ"
-ကိုယ့်ဆီ မျက်စောင်းတစ်ခုက ဒိုင်းခနဲ ပစ်ဝင်လာတယ်။
"ငါက မင်းကို လိုက်နေတာပါနော်၊
ငါ့ကို ဒီလိုတွေ ရှက်အောင် မလုပ်စမ်းနဲ့""အဲဒါက ချစ်ဖို့ကောင်းပါတယ်"
(Jiminရှက်သွားတာကိုပြောခြင်း)"ရပါပြီ"
- ဂျီလုံးက သူ့ကို အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့တယ်၊ ကိုယ်မငြင်းခဲ့ပါဘူး။
-ဒါပေမဲ့ ဂျီလုံးက ဒါကိုအသေအချာကို အာရုံစိုက်နေတာ၊ ကိုယ့်ကို အချိန်ပြန်ယူစေချင်နေတယ်။
-သူ့ကို သေချာစဉ်းစားပြီးမှ လက်ခံပါတဲ့။
-အခုတော့ သူက စက်ရုပ်အရုပ်တွေဆီ အာရုံရောက်နေလေရဲ့။
"YoonGi မင်း
ဒါက"-အတော်လေးကိုမှ အတွင်းကျတဲ့နေရာကနေ ရှာတွေ့လာတာပဲ။
-သူ့ကို ကိုယ်မပေးဖြစ်သည့် LEGOအရုပ်လေးပဲ။
"မင်းလိုချင်တယ်ဆိုတာ ငါ့ကိုပြောဖူးလားလို့လေ"
"အာ..ငါက မင်းမေ့နေပြီထင်တာ၊ ဒီလိုလေး ဂရုစိုက်ခံခဲ့ရတာပါလား"
-ဒါပေမဲ့ ဂျီလုံးက မှိုင်သွားသည်၊ ဘာကို တွေးမိသလဲတော့ မသိ။
"ဘာဖြစ်လို့လဲ"
"ငါမကောင်းခဲ့ဘူးနော်"
"ဘာကိုလဲ"
"မင်းအပေါ်ကို ငါမကောင်းခဲ့ဘူး၊ အဲဒီတုန်းက ကောင်မလေးတစ်ယောက်ဆီက ဒီလိုအရုပ်ရခဲ့တယ်လေ၊ အဲဒါကြောင့် မပေးဖြစ်တော့တာမလား၊ ငါကမကောင်းလိုက်တာ"
"မင်းကိုယ်မင်း အပြစ်တင်မနေပါနဲ့၊ ဒါက မင်း မသိခဲ့လို့လေ။
အခုသိပြီမလား..ငါ sold out မဖြစ်ခင် လာဝယ်ထားလိုက်တော့""ဒီနေ့ပဲ ငါ့ချစ်သူလေး ဖြစ်ပေးပါတော့၊ ဒီလူကို ငါလက်လွှတ်မခံချင်ဘူး"
-ဂျီလုံးက ချစ်စရာကောင်းတဲ့ အပြုအမူနဲ့ပြောလာတယ်၊ ချစ်ဖို့ကောင်းလွန်းလို့ ဖွက်ထားချင်စရာပဲ။
"အင်း..ငါလက်ခံပါတယ်၊ မင်းလည်း ငါ့ကို လက်ခံပေးပါဦး"
"ငါမင်းကို ငါ့အနားမှာဆွဲထားမှာ"
"ဟုတ်ပါပြီ"
-ဂျီလုံးခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးလိုက်တယ်။
"ငါအခုတွေးနေတာရှိတယ်"
-လူကို အရည်ပျော်ကျသွားစေလောက်မယ့် မျက်လုံးတွေနဲ့ ကိုယ့်ကို ကြည့်လာတယ်။
"ဘာတွေးနေတာလဲ"
"မင်းကို နမ်းချင်လို့"
----
Note-(အာ..ဒါကိုတင်ဖို့ ဘယ်နှစ်လလောက်ကြာသွားတာလဲ၊ အားနာမိပါတယ်။
တစ်ယောက်တစ်ချက်သာ ထုသွားပါတော့ ಥ‿ಥ )[23.sep.23]
YOU ARE READING
𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]
Fanfiction[𝑼𝒏𝒊𝒄𝒐𝒅𝒆 & 𝒁𝒂𝒘𝒈𝒚𝒊] 𝚈𝚎𝚕𝚕𝚘𝚠 𝙰𝚛𝚎𝚊💛 𝐃𝐨𝐮𝐛𝐥𝐞 𝐌𝐢𝐧(ʸᵒᵒⁿᵐⁱⁿ) 𝙢𝙖𝙣𝙮-𝙢𝙖𝙣𝙮 𝙨𝙝𝙤𝙧𝙩 𝙨𝙩𝙤𝙧𝙞𝙚𝙨