လွန်ခဲ့သော ၁၂ နှစ်ခန့်က
" Darling အဲ့မိန်းမဆီမသွားလို့မရဘူးလား ချစ်ဘာတွေအမှားလုပ်ခဲ့လို့လဲ ချစ်ပြင်ပါ့မယ် ချစ်ကိုမထားခဲ့ပါနဲ့နော် "
" ဒီမှာ ချစ်မြတ်မိုး မင်းကို ငါဘယ်နှစ်ခါပြောရမလဲ မင်းကိုငါ အစကတည်းက မချစ်ခဲ့ဘူးလို့ ပြောထားသားပဲ မင်းပဲ ယုတ်မာပြီး ငါ့ကို အတင်းအကျပ်အရယူခဲ့တာလေ "
" ဟုတ်တယ် ချစ် darling ကိုချစ်လွန်းလို့ အတင်းအကျပ်အရယူခဲ့တာအဲ့ဒါအတွက်လဲ ချစ်တောင်းပန်ခဲ့ပြီးပြီ ခုချစ်တို့မှာ သမီးလေး ရှိနေပြီလေ ချစ်ကို မချစ်တောင် သမီးလေး မျက်နှာလေးကိုတော့ ထောက်ပါအုံး "
" သမီးမျက်နှာထောက်လို့ဘဲ ငါဒီနေ့ထိ မင်းကိုသည်းခံပြီးနေခဲ့တာ ချစ်မြတ်မိုး ခုတော့ ငါချစ်တဲ့သူကိုတွေ့ပြီ ငါမင်းကိုကွာရှင်းပေးဖို့ ပြောနေတာလဲမဟုတ်ဘူး သူ့ကိုဒီအိမ်ကိုခေါ်လာပြီး အတူနေခိုင်းရုံပဲ ပြီးတော့သူ့မှာငါနဲ့ရတဲ့ ကလေးလေးတွေ ရှိနေပြီ "
" ဘာပြောတယ် ရှင်ရက်စက်လှချည်လား ကိုဒေးဗစ်ယံရဲ့ ဟင့် ကျွန်မမှာတော့ ရှင့်ကို...ချစ်လွန်းလို့...ရှင့် အမုန်းကိုခံပြီး....နေခဲ့ရတာ ဟင့် ရှင်ကတော့.....ရှင်..ကတော့...အာ့....."
" မာမီ!!!!! မာမီဘာဖြစ်တာလဲ ဟင့်..ဟင့်..မာမီ! "
" သမီးလေး နွယ် မာမီ ဘာမှ...မဖြစ်ပါဘူးကွယ် မငိုနဲ့တော့နော် မာမီ သမီးလေးက ငိုရင်ရုပ်ဆိုးသွားလိမ့်မယ်နော် "
" ဟုတ်..ဟင့်..သမီးမငိုတော့ဘူးနော် မာမီ
မာမီဘာမှမဖြစ်ရဘူးနော် "" darling မသွားပါနဲ့နော် ချစ်ကိုမထားခဲ့ပါနဲ့ ချစ်ဒူးထောက်တောင်းပန်ဆိုလဲတောင်းပန်ပါ့မယ် ချစ်ကို ထားမသွားပါနဲ့နော် နော်ထားမသွားပါနဲ့ "
" ချစ်မြတ်မိုး ငါ...ငါတောင်းပန်ပါတယ်
တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ လွှတ်ချပစ်ခဲ့တဲ့ လက်တစ်စုံ မသွားပါနဲ့လို့ အော်ငိုပြီး ကျန်ခဲ့တဲ့ မိန်းကလေးတစ်ဦး ဒီဇာတ်လမ်းမှာ ဘယ်သူက မှားခဲ့တာလဲ
" ဒယ်ဒီ!!!ဒယ်ဒီဘယ်သွားမလို့လဲ မသွားပါနဲ့ မာမီ...မာမီ နေမကောင်းဘူး ဒယ်ဒီရဲ့ မသွားပါနဲ့နော် "