နောက်‌ကြောင်းပြန်ကြမယ်-(၂)

3 1 0
                                    

" အင်း သမီးလေးက အကြီးလေ သူ့ကို ပန်းရနံ့သွေး လို့ပေးထားတယ် သားငယ်လေးကိုကျ...ကောင်းကင်ယံသွေးလို့ ပေးထားတယ် " "ကိုယံ သဘောကျရဲ့လားဟင်"

" ဟာ...သဘောကျတာပေါ့ ထွေးငယ်ရယ် "

" တော်သေးတာပေါ့ အထွေးက ကိုယံ သဘောမကျမှာ စိုးရိမ်နေတာ "

" ထွေးငယ်ကတော့လေ ကဲကဲ ‌စကားပြောနေတာ ကြာနေပြီ လာ ကိုယံအိမ်ကိုသွားကြရအောင် နွယ်လေးကလေ သူ့မောင်လေးနဲ့ ညီမလေးကိုတွေ့ချင်နေမှာ "

" ဟုတ် ဒါပေမယ့် ကိုယံ မမမိုးကတော့ အထွေးကို မကြည်ဖြူလောက်ဘူး ထင်တယ် "

" ထွေးငယ်ရယ် အဲ့‌ဒါတွေကို တွေးပူနေစရာမလိုပါဘူး ကိုယံ တစ်ယောက်လုံးရှိတယ် ပြီးတော့ အမေကလဲ သူ့မြေးတွေကို တွေ့ချင်နေတာ "

" ဟုတ် အဲ့ဒါဆို အထွေးတို့သွားကြရအောင်လေ ကိုယံ "

" လာလာ ထွေးငယ် သားလေးကို ကိုယံဆီပေး "

( ဦးဒေးဗစ်ယံ စံအိမ်ကို ရောက်ပြီ )

" လာလေ ‌ထွေးငယ် ဘာမှ ကြောက်နေစရာ မလိုဘူး ကိုယံ လက်ကိုသာ ကိုင်ပြီး လိုက်ခဲ့ "

" ဟုတ် ကိုယံ "

" သမီးလေးရေ နွယ်လေးရေ လာပါဦး ဒယ်ဒီ သမီးလေး ဒယ်ဒီဆီ "

" ဒယ်ဒီ!!! ဒယ်ဒီ ဘယ်တွေလျှောက်သွားနေတာလဲ သမီးကလေ ဒယ်ဒီကို အရမ်းသတိရနေတာ ပြီးတော့ မာမီကလေ သမီးနဲ့ မဆော့ပေးဘူး နေ့တိုင်းငိုပဲငိုနေတာ "

" ဒယ်ဒီသမီးလေးရယ် ဒယ်ဒီတောင်းပန်ပါတယ် ခုသမီးလေး တစ်ယောက်တည်း အထီးမကျန်ရတော့ပါဘူး ဒီမှာ သမီးနဲ့ တူ"ဆော့ပေးမဲ့ မောင်လေးနဲ့ညီမလေးရယ် ဒီက သမီး မေမေအသစ် အန်တီထွေးသွေးငယ် ကို ဒယ်ဒီခေါ်လာခဲ့ပြီ "

" မောင်လေး? ညီမလေး? ဒီသေးသေးလေးတွေကလား "

" ဟုတ်တာပေါ့ သမီးလေးရဲ့ "

" ဟီးဟီး ချစ်စရာလေးတွေနော် အရုပ်လေးတွေလိုပဲ နာမည်ဘယ်လိုခေါ်လဲဟင် "

" ညီမလေးက ပန်းရနံ့သွေး မောင်လေးက ကောင်းကင်ယံသွေး တဲ့ "

" အဟီးချစ်စရာလေးတွေ ခုကစပြီး ဒီကမမက အကောင်းဆုံး စောင့်ရှောက်ပေးမယ် သေးသေးလေးတွေကို "

" ဒယ်ဒီသမီးလေးက လိမ္မာလိုက်တာဗျာ "

" ဒေးဗစ်ယံ!!!! "

" မာမီ! "

" ဘယ်မှာလဲ ငါ့မြေး "

" ဒီမှာပါ မာမီ "

" အို ငါ့မြေးလေးကအချောလေးပဲ "

" မာမီ ဒီမှာ မာမီ့ မြေးမလေးကလဲ အချောလေးပါပဲဗျာ "

" ဒီမှာ ဒေးဗစ်ယံ မင်းကိုငါ‌ေပြာပြီးသား ငါတို့မျိုးဆက်ကို ဆက်ထိန်းသိမ်းဖို့ သားယောက်ျားလေးပဲ လိုတာ ငါ့မှာမြေးမလေးဆိုလို့ ဒီက မိုးယုယနွယ် တစ်ယောက်ပဲရှိတယ် "

" ဗျာ မာမီ " မာမီစကားက မ‌ဟုတ်သေးပါဘူး သားနဲ့သမီးက ကျွန်တော့် သွေးသားတွေပဲ အဲ့လိုခွဲခြားလို့မရဘူးလေ မာမီ "

" ဒေးဗစ်ယံ!!!! မင်းရဲ့ အဆင့်အတန်းမရှိတဲ့ မယားငယ်နဲ့ ကလေးကိုခေါ်လာတာကို ငါလက်ခံပေးနေတာနဲ့တင် မင်းကကျေးဇူးတင်သင့်နေပြီ "

"ငါ့ကို ပြန်ခံမပြောနဲ့ မင်းရဲ့မယားငယ်နဲ့ သူ့လက်ထဲက ကလေးကို ငါ့မြေးတွေနဲ့ လာမပတ်သက်စေနဲ့ "

" သခင်မကြီး သားလေးနဲ့ သမီးလေးက ကျွန်မ ကိုယ်တိုင်မွေးထားတဲ့ ကလေးတွေပါ သူတို့လေးတွေအပေါ်တော့ အဲ့လိုမဆက်ဆံပါနဲ့ သခင်မကြီး ကျွန်မတောင်းဆိုတာပါ "

" အောင်မာ အစေခံမကများ ရာရာစစငါ့ကို လာပြီး ပြန်ခံပြောနေတယ် နင်မနေနိုင်ရင် နင့်ရဲ့ သမီးနဲ့ အိမ်ပေါ်က ဆင်းသွား ငါ့မြေးကိုတော့ ငါက ခေါ်ထားမှာ "

" ရှင်!!!! "

" အို....အဘွားရဲ့မြေးလေးက ဗိုက်ဆာနေတာလား တိတ်နော်တိတ် ဘွားကနို့ဖျော်လိုက်အုံးမယ်နော် ဘွားမြေးလေး "
" ယုယလေး လာလေ ဘွားတို့အိမ်ပေါ်ထပ်သွားကြရအောင် မောင်လေးက အိပ်ပျော်တော့မယ် သမီးလေးရဲ့ "

" ဟုတ်ဟုတ် လာပြီ ဘွားဘွား အန်တီလက်ထဲက ညီမလေးကရောဟင် သူကရော လိုက်ဘူးလား "

" ဒီမှာ ယုယလေး ဘွားပြောပြမယ် ဘွားမှာ မြေးနှစ်ယောက်ပဲရှိတယ် အဲ့ဒါ သမီးလေးနဲ့‌ေဟာဒီက သမီးမောင်လေး တစ်ခြားသူတွေက သူစိမ်းတွေ "

" ဟုတ်ကဲ့ပါ ဘွားဘွား "

ဒီနားမှာခနရပ်မယ်နော် နောက်ရက်တွေပြန်ဆုံကြမယ်

7:49 ( 8.3.2024 )
ရွက်ကြွေဖြူ

You've reached the end of published parts.

⏰ Last updated: Mar 08 ⏰

Add this story to your Library to get notified about new parts!

ချစ်လိပ်ပြာလေးပျံနေတယ်Where stories live. Discover now