တစ်ပတ်အကြာ
" Boss ဧည့်သည်ရောက်နေပါတယ် "
အတွင်းရေးမှူးလေးကတော့ သူ့ရဲ့Boss ဖြစ်သူ သူငယ်နာပြန်သလို နှုတ်ခမ်းထော်ပြီး
ချွဲနေတာကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။* ငါတို့Boss ရောBoss လင်ရောအလုပ်မရှိကြဘူးလားမသိဘူး ကြာရင်ဒေဝါလီခံရတော့မှာဘဲ*
" ပွစိပွစိနဲ့ ကျိန်ဆဲမနေနဲ့ ဘယ်ကဧည့်သည်လဲ မတွေ့ချင်ဘူး ပြန်လွှတ်လိုက် "
" ဟို နက်ဖြန် အင်းလေးဘက်မှာသွားရိုက်
မယ့် ရုပ်ရှင်ဒါရိုက်တာပါ Boss သူ့ပုံကအရေး
ကြီးတဲ့ပုံဘဲ "" လွှတ်လိုက် "
အတွင်းရေးမှူးပြန်ထွက်ပြီးနောက်
" ကိုကို ငါလဲ အင်းလေးသွားချင်တယ် "
" နောက်မှသီးသန့်သွားရအောင်လေ "
" ခုလိုလူများတော့ပိုမကောင်းဘူးလား ကိုကိုကလဲ နော်ကိုကို နော်လို့ နော် "
"အဟမ်း အဟွတ်! Boss "
"အော် မြန်လိုက်တာ မင်းတို့ကလဲ လာထိုင်
ဒါရိုက်တာကြီးဘာကိစ္စဖြစ်လို့လဲ "" ဒီလိုပါ ဇာတ်လမ်းရဲ့ခေါင်းဆောင်မင်းသား
ဘက်ကကုမ္ပဏီက မင်းသားလဲပေးလိုက်တယ် ခေါင်းဆောင်မင်းသားအရေးပေါ်ဆေးရုံတက်နေရတယ်ပြောတယ် ""ဟုတ်လား ငါတို့လဲမသိရပါလား ဒါနဲဟိုဘက်ကဘယ်သူ့ကိုအစားထိုးပေးလိုက်လဲ
အဲ့လူကအဆင်မပြေလို့လား"" နာမည်ရနေတဲ့မင်းသားပါဘဲ ဇေယျလေ
Boss "နေနိုင်လွန်း တစ်ယောက်မျက်မှောင်ကျုံ့မိသွားသည်။
[ လုံးလုံး ဘယ်လိုဖြစ်ကုန်တာလဲ ]
[ ဇာတ်လိုက်က hostကိုလိုက်တော့မှာ ဇာတ်လိုက်မက host လင်ကိုအပီတွယ်မှ]
[ သူတို့ပေါင်းကြံထားတာလား ]
[ လောလောဆယ်တော့မပေါင်းမိကြသေးဘူး နောက်တော့ပြောမတတ်ဘူးhost လုံးလုံးစောင့်ကြည့်ထားပေးမယ် ]
" ကောင်းပြီလေ သူတို့မင်းသားကိုသာ အရှုပ်တွေမလုပ်ဖို့အသိပေးထားလိုက်ပါ "
YOU ARE READING
System Lone Lone
RomanceUpdate တွက်တော့အာမ မခံပါဘူးနော် တောင်းဆိုတဲ့သူများတာမို့ စာရေးဖို့ နဲနဲလေးအချိန်ပေးဖြစ်တာပါ❤ U&Z