Intro

2.3K 105 15
                                    

ဆေးရုံတစ်ခုတွင် သူနာပြုနှစ်ယောက်စကားပြောရင်းလမ်းလျောက်နေသည်။

"သနားပါတယ် အသက်ငယ်ငယ်လေးနဲ့
ဒုက္ခမျိုးစုံကြုံနေရတယ် "

" သူက အရင်နှစ်ကပြန်ရှာတွေတဲ့သခင်လေးတစ်ယောက်မဟုတ်လား "

" ဟုတ်တယ်လေ Aနိုင်ငံမှာ သူတို့မိသားစုက
၅ယောက်မြောက်အချမ်းသာဆုံးမိသားစုဘဲ
သူလေးက ငယ်ငယ်ထဲက ပျောက်သွားတဲ့ကလေး သိသိချင်းလိုက်ရှာပေမယ့်ဘယ်မှာမှရှာမတွေ့ဘူးတဲ့ အဲ့ဒါနဲ့ မိခင်ဖြစ်သူကသွေးနုသားနုနဲ့မို့ ရှော့ဖြစ်ပြီးဆုံးသွားတယ် သူဌေးကြီးကလဲစိတ်ညစ်ညစ်နဲ့မူးရူးပြီး တစ်နေ့မှာအမျိုးသမီးတစ်ယောက်နဲ့မှားမိပြီးလက်ထပ်လိုက်ရတာဘဲ အဲ့အမျိုးသမီးက ခုလက်ရှိသူဌေးမကြီးပေါ့ သူတို့ကမကြာခင်မှာဘဲ သားတစ်ယောက်ထပ်မွေးတယ် အဲ့ဒါကခုနာမည်ကြီးနေတဲ့မင်းသား တစ်ယောက်လေ"

" သူ့မိသားစုကလာမကြည့်ကြဖူးလား"

"ဟုတ်တယ် ပိုက်ဆံဘဲလွှဲပေးတယ် အဖေဖြစ်သူက နိုင်ငံခြားရောက်နေတယ်လေ
ထားပါ သွားကြစို့"

သူမတို့ထွက်သွားပြီးသည်နှင့် mask တပ်ထားပြီးဦးထုတ်ခပ်ငိုက်ငိုက်ဝတ်ထားသည့်လူတစ်ယောက် ဆေးရုံခန်းတွင်းဝင်သွားလိုက်သည်။

" လင်းလရောင် မင်းကငါ့တွက် ဆူးညှောင့်တစ်ခုဘဲ မင်းကပေါ်မလာသင့်တဲ့လူတစ်ယောက် စောစောထွက်သွားရလဲ မင်းတွက်
ဘာမှမဖြစ်ဘူးမလား ငါတို့အကြောင်းမင်းသိသွားတာကိုကမင်းကံဆိုးတာဘဲ "

ထိုသူကပြောရင်း Oxygen ပိုက်အားဆွဲဖြုတ်ကာထွက်သွားလိုက်သည်။

တီ...တီ...တီ!!!!!

* ငါဆု​​တောင်းတယ် ဆုတောင်းတယ်အခွင့်ရေးရှိရင်ငါ့ပေါ်လုပ်ခဲ့တာတွေအားလုံးမင်းတို့ပြန်ပေးဆပ်စေရမယ်*

——

အဖြူရောင်ဟင်းလင်းပြင်ကြီးရဲလေထုထဲတွင် မျောလွင့်နေသော ကောင်လေးတစ်ယောက်ဟာ သူမသိသေးသည့်တစ်ချို့သောအကြောင်းရာများအား အိမ်မက်ဖြင့်မြင်တွေ့
နေတာကြောင့် အသက်ရှူသံများ ပြင်းထန်နေသည်။

System Lone LoneWhere stories live. Discover now