အပိုင်း၂၁

2.6K 116 7
                                    

နောက်တစ်နေ့ရောက်တော့...

"ဘယ်သူနဲ့တွေ့ချင်လို့လည်းမသိဘူး"

"ရှိန်မင်းမြတ်မောင်နဲ့ပါ"

"အော်ခနလေးစောင့်ပေးနော် ညီမသွားခေါ်ပေးပါ့မယ်"

"ဟုတ်ကဲ့ "

"ဂန့်ဂေါ်ဘယ်သွားမလို့လည်း"

"မမလေးမိန်းဟန် ဟိုမှာစောင့်နေတဲ့ ကလေးတစ်ယောက်နဲ့အမက မမလေးရှိန်နဲ့တွေ့ဖို့လာတယ်ပြောလို့ပါ အဲ့တာကြောင့်သွားခေါ်ပေးမလို့"

"အင်းအဲ့တာဆိုသွားခေါ်လိုက်နော်"

မိန်းဟန် ကလေးမ​လေးတစ်ယောက်နဲ့ အမျိုးသမီးဆီကိုသွားလိုက်တယ် ထိုအချိန်မှာအပြင်ကနေပြီးတော့ အန်တီနဲ့တီလေး ကအပြင်က​ပြန်လာတယ်လာတယ် ဒယ်ဒီနဲ့မာမီကလည်းအပေါ်ထပ်ကဖွားဖွားကိုတွဲပြီးဆင်းလာကြတယ် အားလုံးစုံ သွားသလိုဖြစ်သွားကြပြီး မိန်းစန်ကတော့ထိုအမျိုးသမီးနားလျောက်လာခဲ့တယ်

"ဒေါက်..ဒေါက်"

"မမလေးရှိန် အပြက်မှာမမလေးဧည့်သည်​
ရောက်နေတယ်"

"ရှိန်အခုလာပြီနော်"

မိန်းဟန်ထိုအမျိုးသမီးကို စကားစမလို့ဘဲရှိသေးတယ် ရှိန်ကရောက်ချလာပြီး

"သဲ......"

ရှိန်ရဲ့ခေါ်သံကြောင့်အားလုံးက ရှိန်ဆီအကြည့်ရောက်သွားတယ် အဲ့အမျိုးသမီးနဲ့ပါလာတဲ့ ကလေးကရှိန်ကိုမြင်ပြီး

"ပါပါးးးးးး"

"ဗျာ"

ကလေးက ရှိန်ကိုမြင်တော့  ပါပါး လို့ခေါ်လိုက်တော့ အားလုံးကအန့်အောသွားကြတယ် တီလေးကအရမ်းဝမ်းနည်းသွားတယ်ထင်ပါရဲ့ခြံထည်းပြေးထွက်သွားတယ် အဲ့တာကိုရှိန်မြင်လိုက်မယ်မထင်ဘူး

"ပါပါး မီးမီးကိုမလွမ်းဘူးလားဟင် မီးမီးကလေပါပါးကိုအရမ်းလွမ်းနေတာ"

"အာ....အချွဲလေးဘဲကွာ မနေ့ကတစ်နေ့လေးမတွေ့ရတာကိုချွဲနေလိုက်တာ "

"မီးမီးကတကယ်လွမ်းလို့ လွမ်းတယ်ပြောတာကို ဟွန့်...."

"အာ စိတ်မဆိုးပါနဲ့ဗျာ ပါပါးလည်းလွမ်းတာပေါ့မီးမီးကို"

မောင့်ရတနာသူWhere stories live. Discover now