အပိုင်း၁၈

2.1K 108 2
                                    

ဦးရဲမင်းကို ရဲတွေဖမ်းခေါ်သွားခဲ့တယ်...
ဆေးရုံတစ်ခုရဲ့ ကတင်ပေါ်မှာလဲလှောင်းနေတဲ့အမျိုးသမီးတစ်ဦးရှိနေတယ်...

"သွင်ထွတ် မိုးဘယ်လိုနေလည်း"

"မကြာခင်မှာဘဲနိုးလာမှာဘာ အားမရှိတာရယ် လန့်သွားတာရယ်ကြောင့် မေ့လည်းသွားတာ"

"အော်အေး ကျေးဇူးပါဟာ ရှိန်ကရောဘယ်လိုနေလည်းသွင်ထွတ်"

"အဲ့က​​လေးကတော့ လက်မောင်းကိုထိသွားတာဆိုတော့ ဒီရက်ကြောသိပ်ပြီးအလေးအပင်မ မပါနဲ့ ဆေးရုံမှာနှစ်ရက်သုံးရက်လောက်တော့နေလိုက်ပါ "

"​အေးငါပြောလိုက်မယ်"

"အဲ့တာဆို ငါသွားတော့မယ် သူတို်နိုးလာမှပြန်လာခဲ့ပါ့မယ်"

နောက်ကြောင်းပြန်ခြင်း..

"မင်းကကို့နေရာကိုမနေဘဲဝင်ပါတာကို မင်းကိုနာကျင်ရအောင် မင်းရဲ့ချစ်လှစွာသော အမျိုးသမီးကို မင်းရှေ့မှာ ငါသတ်ပြမယ်"

"ဒိုင်း!"

ရှိန်ဟာ မိုးကိုတွန်းထုတ်လိုက်တယ် ကန်ကောင်းစွာနဲ့ ရှိန်ရဲ့လက်မောင်းဘဲရှတ်ထိသွားတယ် မိုးကတော့ မေ့လည်းသွားခဲ့တယ်

"အန်တီ...."

"မိုး...."

"တီလေး..."

"ဆေးရုံကားအမြန်ခေါ် "

မိုးကတော့ဘာမှမဖြစ်ပင်မဲ့ ရှိန်ရဲ့လက်ကတော့ ကြည်စံ ထုတ်ဖို့လုပ်လိုက်ရတယ် မေ့စေးအရှိန်ကြောင့်အခုထိမေ့နေတုန်းဘဲ

"ဟင်း...အ..."

"ရှိန်နိုးလာပြီလား ဘယ်လိုနေသေးလည်း"

"အင်း...အန်တီ..အန်တီရော"

"တီလေးကဟိုဘက်ခန်းမှာရှိတယ် သတိမရသေးဘူး ဆရာဝန်ကတော့ သိပ်မကြာခင်နိုးလာမှာတဲ့"

"ဟူးတော်သေးတာပေါ့ "

"တော်သေးတာပေါ့လုပ်မနေနဲ့ နင်ဟာလေ နင်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလည်း မာမီနဲ့ဒယ်ဒီကိုငါဘယ်လိုပြန်ပြောရမလည်း "

"တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့နော်မိန်းဟန်"

"ကဲပါ မိန်းလေးရယ် ရှိနိကတောင်းပန်နေပြီဘဲ ခွင့်လွှတ်လိုက်နော် နောက်ပြီး လူနာကိုစိတ်ဆိုးနေတာဘဲ"

မောင့်ရတနာသူWhere stories live. Discover now