labirinto(13)

767 40 6
                                    


♤♤♤

​သူဘယ်အချိန်​လောက်အထိအိပ်​ပျော်မိသွားသလဲ သူမသိဘူး။ သူ့မျက်စိ​​တွေပြန်ဖွင့်လိုက်တဲ့အခါ သူ့ကုတင်​ဘေးမှာ ​အ​ငွေ့ထွက်​နေတဲ့ ဆန်ပြုတ် တစ်ခွက်ကိုကိုင်ထားတဲ့ လူတစ်​ယောက်ကို​​တွေ့လိုက်ရသည်။သူက ဘယ်သူလဲဆိုတာ ရှီ​အော့ မသိဘူး။

ရှီ​အော့ သူ့ရဲ့​ဘေးပတ်ဝန်ကျင်ကိုကြည့်လိုက်​တော့ သူ့အခန်းမှာပဲ သူရှိ​နေ​သေးသည်။ဒါဆိုရင် ရှီ​အော့ကို ​ခေါ်သွားတာမဟုတ်ဘဲနဲ့ ဒီလူက ရှီ​အော့ဆီ​ရောက်လာတာ​ပေါ့။

ရှီ​​အော့၏ လှုပ်ရှားမှုကို ထိုလူက သတိထားမိသွားတဲ့အခါ ထိုလူမျက်နှာ​ပေါ်မှာ​နွေး​​ထွေးတဲ့ အပြုံးက​ပေါ်ထွက်လာခဲ့သည်။မိဘက ကိုယ်က​လေးကို ​​နွေး​ထွေးစွာပြုံးပြသလိုမျိုးပင်။

သူ အနည်းငယ်​ကြောင်အသွားပြီ အသက်ရှု​အောင့်ကာ ထိုလူကို အကဲခက်လိုက်သည်။ နာမည်ကြီးဆိုင်​တွေက စားပွဲထိုးလို ဝတ်ဆင်ထားတာ​ကြောင့် ရှီ​အော့နည်းနည်း​တော့ မသက်မသာဖြစ်သွားရ၏။

သူ့လည်ပင်မှာ မျက်မှန်တလက်ချိတ်ထားပြီ လက်အိတ်​တွေ​တောင် ဝတ်ထား​သေးသည်။ ရှီ​အော့ ​ခြေ​ထောက်သာ အခုချိန်နာကျင်မ​နေဘူးဆိုရင် ဒါက အိမ်မက်တစ်ခုလို့ပဲ ထင်လိုက်မိမှာ။

ဒါ​ပေမယ့် ဒါကအိပ်မက်ဟုတ်မ​နေခဲ့ဘူးပဲ။ ထိုလူက သူရဲ့ ဖြူ​နေတဲ့ဆံပင်​တွေကို သက်သက်ရပ်ရပ်ဖီးလိမ်းထားသည်။ထိုလူ ကြည့်ရတာ အသက် ၅၀​ကျော်​လောက်ရှိ​နေ​လောက်ပြီ။

" နိုးလာပြီလား သခင်​လေးရှီ​အော့ "

" သခင်​လေးရှီ​အော့ ?"

ရှီ​အော့ ထိုလူ​ပြောတာကိုနားမလည်ဘဲ အူ​ကြောင်​ကြောင်ဖြင့် ​ရေရွက်လိုက်မိသည်။

" ဟုတ်ပါတယ် သခင်​လေးရှီ​အော့ "

" အာ !  ဦး​လေးက ... "

ထိုလူက ချက်ချင်းသတိအ​နေအထားဖြစ်သွားပြီ ဆန်ပြုတ်ပန်ကန်ကို လက်တဖက်ဖြင့် ကိုင်ထားကာ ကျန်လက်တဖက်က သူ့ဗိုက်​ပေါ်တငိထားရင် တ​လေးတစား ​ဦးညွှန်းလိုက်ပြီ စကား​ပြောလာသည်။

Labirinto di sangue(​သွေးဝင်္ကပါ )Donde viven las historias. Descúbrelo ahora