အိပ်ယာထက်မှာအိပ်ပျော်နေတဲ့ ခပ်ဆိုးဆိုးကောင်လေးကို နိုးရပေဦးမယ်
hyun::အကိုလေး အကိုလေး ထ ထ
နိုးနေတာတောင်မသိချင်ယောင်ဆောင်နေပီး ဘေးကမိန်းကလေးကိုပါ ဖက်ပီးပြန်အိပ်ပြနေတဲ့ အကိုလေးကိုစိတ်ရှိလက်ရှိလုပ်လိုက်ရရင် ဒေါသတွေပြေပျောက်သွားလိမ့်မယ်ထင်မိတယ်.. ထွက်နေတဲ့ဒေါသတွေကို ကြိတ်မှိတ်ကာ ထပ်မံနိုးရပြန်ပီ
hyun::အကိုလေး အကိုလေး ထ hyung ရောက်နေပီ ထတော့ အန်တီက လာခေါ်ခိုင်းလို့
hyunjin ရဲ့လေသံဟာတဖြည်းဖြည်ပ်ိုကျယ်လာတာကြောင့် ဘေးက မိန်းကလေးက ကုတင်ထက် ထထိုင်ပီးရှုပ်ပွနေတဲ့ဆံပင်တွေကိုအသာအယာသပ်ချနေသည်။သူ့ကိုပြန်ကြည့်လာတဲ့မျက်လုံးတွေကို မာထန်နေတဲ့မျက်လုံးများနဲ့ပြန်ကြည့်ကာ 'သွားတော့' လို့အမိန့်ဆန်ဆတ် မောင်းထုတ်လိုက်တာကြောင့် ထိုမိန်းခလေးမှ အဝတ်များကိုကောက်ယူဝတ်ဆင်ကာ ထွက်သွားသည်။အိပ်ယာထက်က ဆိုးပေလေးဟာ အခုထပ်ထိမထသေးတာကြောင့် အခန်းထဲမှထွက်ကာ မနက်စာထွက်ဝယ်ရပေးလိုက်သည်။ပြန်ရောက်လာတာတောင်မနိုးနိုင်သေးသော သူကို ကြည့်ကာ ထပ်မံနိုးလိုက်သည်။ဒီနေ့တော့ သေချာပေါက် ကျောင်းမတက်ရပြန်ပါဘူး
hyun::အကိုလေး felix ထဖို့သင့်နေပါပီ မနက် ၁၀နါရီတောင်ရှိနေပီ
lix::အွန်း..... အိပ်ယာလို့ကောင်းလိုက်တာ hyung ရာ
အဝတ်မဲ့နေတဲ့ခန္ဓာကိုယ်နဲ့အပျင်းကြောဆန်နေတဲ့သူက ညက အဖြစ်အပျက်တွေကိုမှတ်မိပုံမရပါဘူး
lix::ဝှား... ညကဒီမှာအိပ်ပျော်သွားတာလား ခေါင်းေတွကိုက်လိုက်တာ
hyun::ဟုတ်တယ် ဒီမှာအိပ်ပျော်နေခဲ့တာ
lix::ဘာလို့ hyung က ကျွန်တော်ကိုထားခဲ့တာလဲ
hyunjin စိတ်ထဲ ဒိုင်းခနဲ သွေးတွေဆောင့်တက်သွားသည်။ညက ကိစ္စတွေမှတ်မိနေခဲ့တာလား သူက
lix::အော် ကျွန်တော်အရမ်းမူးနေလို့ထင်တယ်ဟုတ်လား..
ဆောင့်တက်သွားတဲ့သွေးတွေနဲ့အတူတူ စကားတစ်ခွန်းကြောင့် စိတ်ဓာတ်တွေပါဟိုးအောက်ကိုကျသွားရသည်။
သူမမှတ်မိဘူးပဲ ပျော်ရမလိုလို ဝမ်းနည်းရမလိုလို ခံစားချက်ကြီး ဝင်လာသည်ါ
YOU ARE READING
The Rule
Science Fictionlix: : မင်းက ငါ့အပိုင်နော် Hwang hyunjin Hyunjin: : ကျွန်တော်တို့ ဒီတိုင်းပဲရှေ့ဆက်သွားလို့မရဘူးလား