ဟိုး အရင်တုန်းက အိပ်ယာစောစောမထတက်တဲ့ lix က အခုဆို အိပ်ယာစောစောထတက်နေပီ ဒီအိမ်ကြီးကိုစရောက်တဲ့နေ့ကစပီး felix အကျင့်တွေအများကြီး ပြောင်းလဲသွားသည်။ အရင်လို ကလေးစိတ်မပျောက်သေးတာကလွဲရင်ပေါ့
lix: :hyunjin
hyun: : lix နိုးပီလား
lix: : အွန်း ဒါတွေက ခဗျားလုပ်ထားတာလား
ထမင်းစားပွဲပေါ်က hyunjin ပြင်ပေးထားတဲ့ မနက်စာတွေကို လက်ညိုးနဲ့ထိုးပြလိုက်သည်။
hyun: : ဒီအိမ်မှာတစ်ခြားသူရှိသေးလို့လား
lix: :ခဗျား နေမကောင်းဘူးလား
hyun: : အပိုတွေလုပ်မနေနဲ့ ထိုင်နေ
hyunjin လာချပေးတဲ့ ဟင်းရည်ခွက်ကို hyunjin ဒီနေ့ အရမ်းထူးဆန်းနေတာကြောင့် စိုက်ကြည့်နေမိသည်။
hyun: :စိတ်ချလက်ချ စား အဆိတ်မခပ်ထားဘူး မယုံရက် စားပြရမလား ပေး
lix: : ရတယ် ဒီနေ့ ဘာလို့ခဗျားအရမ်းထူးဆန်းနေတာလဲ
hyun: :ကို လား မထူးဆန်းပါဘူး စား တော့
တစ်ယောက်သောသူပြင်ပေးထားတဲ့ ထမင်းတွေကို ဇဝေဇဝါနဲ့ စားလိုက်တာ တစ်ပန်းကန် ကုန်သွားသည်။ lix ရဲ့ ပုံမှန်လုပ်နေကြအတိုင်းပဲ ထမင်းစားပြီးတာနံ TV ရှေ့တန်းထိုင်သည်။
ခဏနေတော့ hyunjin ရောက်လာတာကြောင့် ကြည့်နေလက်စ TV ကို ပိတ်ခါ Hyunjin ဘက်လည့်လိုက်သည်။Felix: : Hyunjin
hyun:: အွန်း
lix: : အမှန်တိုင်းပြော ဒီနေ့ ဘာဖြစ်နေတာလဲ
hyun: : ဘာဖြစ်လို့လဲ ပုံမှန်ပဲလေ
lix: :မဟုတ်သေးပါဘူးဗျာ အရင်ကဆို အမြဲအိမ်ပြန်ချင်နေတဲ့ ခဗျားက အခု ကျွန်တော့အတွက် မနက်စာ အထိတောင်ပြင်ပေးထားတယ် ထူးဆန်းတယ်
hyun: : မင်းပြောတာမှန်တယ် အရင်ကတော့ မင်းငါ့ကို မတရားခေါ်လာတာ အချိန်ကြာလာတော့ ငါနားလည်သဘောပေါက်လာတာက မင်းက ငါကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ် အာ့တော့ နေတိုင်း စိတ်ညစ်ခံပီး သောကရောက်နေမဲ့အတူတူ မင်းနဲ့ပဲအတူတူနေပီး မင်းနဲ့ပဲ ရှေ့ဆက်လိုက်ရင် မင်းလဲအေးဆေး ငါလဲအေးဆေး အာ့ထက်ပိုပြီး အေးဆေးသွားရအောင်လို့ ဒီနေ့ကနေစပြီး ငါ မင်းကို ပိုးတော့မှာ
YOU ARE READING
The Rule
Science Fictionlix: : မင်းက ငါ့အပိုင်နော် Hwang hyunjin Hyunjin: : ကျွန်တော်တို့ ဒီတိုင်းပဲရှေ့ဆက်သွားလို့မရဘူးလား