-7-

1.2K 197 50
                                    

နှစ်ပတ် ... ။

မေဂျာTripကပြန်လာပြီးကတည်းက ဂယူဘင်းက သူနှင့်အတူ အဆောင်မှာမနေတော့ဘဲ အိမ်ပြန်နေသည်မှာ နှစ်ပတ်မျှရှိပြီဖြစ်ကာ စာမေးပွဲတွင်းမှာလည်း ရစ်ခီနှင့် ခုံနံပါတ်ရှေ့ဆင့်နောက်ဆင့်ဖြစ်ပြီး​ ဘေးချင်းကပ်ရပ်ဖြစ်တာတောင်မှပဲ သူ့အား နည်းနည်းလေးမှကိုအဖတ်မလုပ်ဘဲ မျက်လုံးချင်းပင် အဆုံမခံဘဲရှောင်နေတတ်တာကြောင့် ဒီနေ့မှာတော့ရစ်ခီက ဂယူဘင်းအား မရမကအမိဖမ်းရန် ဆုံးဖြတ်ထားပါသည် ။

ထို့ကြောင့် ရစ်ခီသည် စာမေးပွဲနောက်ဆုံးရက်တွင် ​ဆယ့်ငါးမိနစ်နှင့် အဖြေလွှာပေါ်တွင်ထင်ရာလျှောက်ခြစ်၍ သူနှင့်မတွေ့အောင် အဖြေလွှာစာရွက်အား စောစောအပ်ကာရှောင်ဖယ်နေသည့်ကောင်ထက်အရင်အခန်းထဲမှ ထွက်လာကာ အခန်းရှေ့တွင် ရပ်၍စောင့်နေလိုက်ပါတော့သည် ။

" ဂယူဘင်း ခဏနေဦး.. ။ "

ထိုအခါ အကုန်လုံးထက်စောထွက်လာသည့်ရစ်ခီမှာ ကင်မ်ဂယူဘင်းအား ဆယ့်ငါးမိနစ်နီးပါးမျှထပ်၍စောင့်လိုက်ရကာ အဖြေလွှာအပ်ပြီးထွက်လာသည့်ဂယူဘင်းက အရှေ့ပေါက်တွင် လက်ပိုက်လျက် ခပ်တည်တည်နှင့် နံရံကိုမှီ၍ရပ်နေသည့်သူ့အားမြင်လျှင် မသိမသာနှင့်တစ်ချက်လှမ်းကြည့်လာပြီးမှ သူနှင့်မဆုံအောင် အနောက်ဘက်တံခါးပေါက်ကနေ ထွက်ပြေးရန် ခြေလှမ်းပြင်နေသည်ကိုတွေ့လိုက်ရလျှင်တော့ ရစ်ခီမှာ ဘယ်သူကြည့်ကြည့်၊မကြည့်ကြည့် ဂရုမစိုက်အားတော့ဘဲ ကင်မ်ဂယူဘင်းထွက်မပြေးစေရန်သာ အသံကုန်သုံး၍လှမ်းအော်လိုက်ပါတော့သည် ။

ထိုအခါမှ သကောင့်သား၏ထွက်ပြေးရန်ပြင်နေသည့် ခြေထောက်များကလည်းနေရာမှာတင်တန့်သွားကာ သူ့အား မှုန်တေတေနှင့် ပြန်၍လှည့်ကြည့်လာပါလျှင် ရစ်ခီသည် ခုနကအသံကုန်ဟစ်၍ အော်လိုက်သည်မှာ သူမဟုတ်သလိုမျက်နှာပေးအား ချိတ်ဆွဲလျက် ဂယူဘင်း၏အနားကို ခြေလှမ်းကျဲများဖြင့် အမြန်လျှောက်သွားလိုက်ကာ သုန်မှုန်နေသည့်မျက်နှာပေးနှင့်ကောင်၏လက်အားဆွဲ၍ နေရာမှခေါ်ထုတ်သွားခဲ့လိုက်ပါတော့သည် ။

သုံးထပ်အဆောင်ကြီးတွင် သူတို့လိုပထမနှစ်လေးများမှာ စာမေးပွဲဖြေသည့်အချိန်တွင် အပေါ်ဆုံးထပ်မှာပဲ ဖြေရသည့်အတွက် ရစ်ခီမှာ လူရှင်းသည့်နေရာတွင် စကားပြောနိုင်ရန်အတွက် ဂယူဘင်းအား အောက်ဆုံးထပ်အထိ ဆွဲခေါ်ခဲ့ပြီးမှ လူသူကင်းရှင်းသည်ဟုထင်ရသည့် ယောကျ်ားလေးသန့်စင်ခန်းနားရောက်သည့်အခါတွင်တော့ ဂယူဘင်းက ရစ်ခီ့လက်ထဲမှ သူ့လက်အားရုန်းထွက်ကာ

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now