မှောင်မဲနေတယ်။
တော်တော်ကြီးကို မှောင်မဲနေတာပဲ...
မျက်စိတဆုံး ဘယ်နေရာကြည့်ကြည့် အမှောင်ထုကြီးပဲ ကြီးစိုးထားလေသည်။ မြေအောက်လောက ဒါမှမဟုတ် သန်းနဲ့ချီပြီး အရိုးစုတွေလဲလျောင်းနေတဲ့ Styx မြစ်လိုမျိုးပဲ။
( Translator's Note _ Styx ဆို ဂရိဒဏ္ဍာရီ နတ်ဘုရားတစ်ပါးဖြစ်ပြီး Styx မြစ်ဆိုတာက သေခြင်းတရားရဲ့မြစ်ဖြစ်ပါတယ် )
ချီမုယောင်က အနည်းဆုံး လွန်ခဲ့တဲ့လေးနာရီကတည်းက အကြီးအကဲ ယောင်ဝမ် အိတ်ထဲရိုက်ထည့်တာ ခံခဲ့ရပြီး သူတို့ရောက်နေတဲ့နေရာက အမှောင်နဲ့ဖုံးလွှမ်းခံထရသည်။ သူ အိတ်ထဲမှာ ရှိနေတုန်း သူမျက်လုံးတွေ ကန်းများသွားမလားဆိုပြီးတော့တောင် သူ သံသယဝင်မိသွားသည်။
အေးစက်တဲ့ အမှောင်ထုက သူ့ကို လွှမ်းခြုံထားလေသည်။ သူဘယ်နေရာကိုရောက်နေလဲ ဒီနေရာပ ဘယ်နေရာလဲဆိုတာကို သူမသိပေ။
သူ လှုပ်နိုင်သေးရဲ့လားဆိုတာကိုတောင် သူမသိတော့ဘူး။ နည်းနည်းလေး လှုပ်လိုက်ရင်တောင် အဆုံးမရှိတဲ့ချောက်နက်ကြီးထဲ ပြုတ်ကျသွားလောက်မလား။
အကြီးအကဲယောင်ဝမ်က သူ့ကြောက်လန့်မှုကို စိတ်ထဲတောင်ထည့်မထားပေ။ သူက အိတ်ကို ကြိုးဖြေလိုက်ပြီး နှာရှုံ့လိုက်သည်။
အကြီးအကဲယောင်ဝမ်က နှစ်တွေအများကြီး အမှောင်ထဲမှာ နေလာခဲ့တာ။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် သူ့ညအမြင်က ချီမုယောက်ဟာထက် အသာကြီးသာလှသည်။ သူက ညအမှောင်ထဲမှာတောင် အတားအဆီးမရှိ လှုပ်ရှားနိုင်သည်။
အကြီးအကဲယောင်ဝမ်က သူ့အင်္ကျီလက်တွေကို ခါယမ်းလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
" မင်းလိုအကောင်စုတ်လေးကတော့ ကိုယ့်ကို ယုံကြည်မှုတွေအရမ်းများနေတာပဲ မင်းအဖေက မင်းကိုလာကယ်လိမ့်မယ်လို့ တစ်ကယ်ထင်နေတာလား။ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး။ဒီနယ်မြေမှာ ငါ စည်းတွေ အများကြီး ချထားတာ။ မင်းအဖေကတော့ မင်းကိုရှာရင်း ဒုက္ခတွေများနေတော့မှာပဲ။ သူ ဒီအောက်ကို ရောက်တဲ့အချိန်ဆို မင်းက နှစ်ထောင်ချီကြာတဲ့ အရိုးစုကြီးဖြစ်နေလောက်ပြီ "
YOU ARE READING
The Demon Venerable's Wistful Desire ( Mm tran)
RomanceAuthor-墨西柯 Mo Xi Ke Status in COO- 109 Chapters +3extras ( complete ) Original Publisher _ jjwxc Type_ Webnovel